[၁၃၈] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.3K 644 8
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၁၀)။

စာအုပ်နှင့်ကျောက်စိမ်းပြားများကိုမြင်လိုက်ရတော့ လင်ခုံးလုကသူကျင့်စဥ်ပြန်ရအောင်ကူညီပေးနေခြင်းဖြစ်မှန်းရှဲ့ကျင်းဟုန်ရုတ်​ခြည်းနားလည်သွားတော့သည်။

တစ်ဖက်လူဒီရက်များမှာအချိန်နှင့်ခွန်အားဘယ်လောက်သုံးခဲ့လဲဆိုတာကိုပင်သူစိတ်ကူးလို့ရသည်၊ ဒါပေမဲ့....သူ့ရှစ်စွင်းကသူ့ကိုတကယ်ဂရုစိုက်တာလား၊ ဒါမှမဟုတ်သူ့ကျင့်စဥ်ကိုပြန်မကောင်းရင်အသုံးချလို့မရမှာကိုစိတ်ပူနေတာလားဆိုတာသူမသိပေ။

ဒီတိုက်ခိုက်ချက်အနည်းငယ်မှအကဲဖြတ်ကြည့်ရင် သူ့ရှစ်စွင်းကသုံးနှစ်ကြာတံခါးပိတ်ကျင့်ကြံနေခဲ့ပေမဲ့ သူ့ကျင့်စဥ်မှာသိပ်မတိုးတက်လာပုံပင်။ အလျင်လိုနေတာကြောင့်မဟုတ်ရင် အရင်ဘဝမှာအဲ့လိုကိစ္စမျိုးကိုလုပ်ခဲ့မယ်တဲ့လား။

ရှဲ့ကျင်းဟုန်၏နှုတ်ခမ်းထောင့်မသိမသာတွန့်သွားရပြီး ထိုအကြောင်းတွေးတာကအဓိပ္ပါယ်မရှိဟုထင်မိသည်၊ ဘာပဲဖြစ်ဖြစ် အရင်ဘဝမှာလင်ခုံးလုကသူ့ကိုအကွက်ဆင်ခဲ့သဖြင့် သူလက်တုံ့ပြန်ရမည်။

ဒါပေမဲ့အခုချိန်မှာအရေးကြီးဆုံးအရာကသူတစ်ဖက်လူကိုမိစ္ဆာနန်းတော်ဆီပြန်ခေါ်သွားမှရမည်၊ ကူကောင်သားအမိမှာအမေကူကောင်လက်ခံကိုယ်သေဆုံးသွားခဲ့ရင် ကလေးကူကောင်လက်ခံကိုယ်ပါအတူသေဆုံးသွားလိမ့်မည်ပင်။ သူဒီမမြင်နိုင်သောအန္တရာယ်ကိုဒီတိုင်းထားပြီးအပြင်မှာမကိုင်တွယ်နိုင်ပေ။ သူတစ်ဖက်လူကိုပြန်ခေါ်သွားကာအနီးကပ်စောင့်ကြည့်ရမည်။ လိုအပ်ရင် ကူကောင်ထုတ်ပြီးသည်အထိသူတစ်ဖက်လူကိုကာကွယ်ပေးရပေမည်။

လက်တုံ့မပြန်ဘဲကာကွယ်ပေးရမည်၊ ရှဲ့ကျင်းဟုန်တွေးကြည့်လေလေ သူ့မျက်နှာရုပ်ဆိုးလာလေလေပင်။

"ရှဲ့ရှစ်တိ၊ ရေအေးကန်ထဲမှာရှစ်စွင်းနဲ့တူတူတကယ်စိမ်ခဲ့တာလား။"
ထိုစဥ်ကျစ်ယွီကကိုယ်ကိုင်ကာမနာလိုစွာမေးလာပြန်သည်။
"ရှစ်စွင်းကမင်းအပေါ်တအားကောင်းတာပဲ၊ အရင်ကဆိုမင်းအတွက်ဆေးလုံးတွေစုထားတာ...."

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now