[၁၂၂] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.5K 615 11
                                    

!unicode!

လင်ခုံးလုဇဝေဇဝါဖြစ်သွားရပြန်သည်။ သင်ခန်းစာအစီအစဥ်ကဘာကြီးတုန်း? အန်တီကဘယ်သူတုန်း?

သူပဟေဠိဖြစ်သွားတာမြင်တော့ စဲ့ရှီးမာကဝက်ဆိုက်ထဲဝင်ကာ ရှင်းပြလိုက်သည်
"ကိုယ့်အန်တီကနည်းပြယွီလေ။"

လင်ခုံးလု: "အော်။" မင်းကသူနဲ့ဆက်ဆံရေးကောင်းပေမဲ့ သူကဦးလေးကိုလိုက်ပိုးနေတာကို မင်းကသူ့ကိုအန်တီလို့ခေါ်လိုက်တယ်တဲ့လား။

ပြီးတော့အန်တီဆိုတာကြီးက....

လင်ခုံးလု၏မျက်နှာထားအနည်းငယ်ဖော်ပြမရအောင်ဖြစ်သွားရကာ သူပြောသည့်သင်ခန်းစာအစီအစဥ်ကိုလှည့်ကြည့်လိုက်မိသည်။

စဲ့ရှီးအာကအခုပဲအကောင့်ဖွင့်လိုက်ခြင်းပင်။ လင်ခုံးလုအကြောင်းအရာနှင့်မျက်နှာပြင်ကိုကြည့်မိတော့ သူ့မျက်နှာရုတ်ခြည်းပူနွေးသွားရသည်။ သူဆက်သွယ်ရေးစက်ကိုအမြန်ဆွဲယူကာ စာမျက်နှာကိုပိတ်ပစ်ပြီး ခေါင်းမသိမသာလှည့်လိုက်မိသည်။
"မင်းကဒါကိုသင်ခန်းစာအစီအစဥ်လို့ခေါ်တယ်ပေါ့လေ?"

ဆက်သွယ်ရေးစက်ယူသွားခံရတာမြင်တော့ စဲ့ရှီးအာအနည်းငယ်ပဟေဠိဖြစ်သွားရကာပြောမိသည်။
"ဇီဝဗေဒသင်ခန်းစာအစီအစဥ်လေ၊ ဘဝတစ်ခုမွေးဖွားမှုကိုသင်ယူတာ။"
ခေတ္တတန့်သွားပြီးမှ သူထပ်ပေါင်းပြောလိုက်သည်။ "နည်းပြကတော့အဲ့လိုပြောတာပဲ။"

လင်ခုံးလုပြောစရာစကားပျောက်ရှသွားရကာ အချိန်အတော်ကြာပြီးမှချောင်းအသာဟမ့်လိုက်မိသည်။
"အခုကစပြီးသူ့ရဲ့ပေါက်ကရစကားတွေကိုနားမထောင်နဲ့တော့၊ ပြီးတော့ဒီဟာကိုအပြင်မှာကြည့်လို့မရဘူး။"

မထင်မှတ်ထားစွာဖြင့် ဗိုလ်ချုပ်ယွီမှာလေးနက်တည်ကြည်ပုံပေါက်ပေမဲ့ အမှန်တော့သူ့တပည့်ကိုဆိုးဝါးအောင်လုပ်ခဲ့သည်ပင်၊ ကျွတ်၊ ငါဦးလေးကိုသတိထားဖို့ပြောရမယ်။

ထိုစကားကိုကြားသော်စဲ့ရှီးအာအနည်းငယ်နောင်တရသွားကာ ဆက်သွယ်ရေးစက်ကိုသိမ်းပြီးပြောလိုက်သည်။ "ဒါဆိုပြန်သွားပြီးကြည့်ကြမယ်လေ။"

လင်ခုံးလု: "....." ဒါမှမဟုတ်ငါဝက်ဆိုက်ကိုဖျက်ပစ်လိုက်သင့်တာ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now