[၇၆] သူဌေးကြီးနှင့်အစားထိုးခံ။

6K 1K 20
                                    

!unicode!

(*အရှေ့မှာယွမ်တစ်သောင်းလို့ရေးခဲ့ပေမဲ့ ယွမ်တစ်သောင်းမဟုတ်ပါဘူး ယွမ်တစ်သိန်းပါနော်*)

"တစ်သိန်း၊ သူကနဂါးအသည်းနဲ့ဖီးနစ်ရိုးတွင်းခြင်ဆီစားနေတာမို့လို့လား။ ဘာပဲဖြစ်ဖြစ် သူခဏတာဒုက္ခရောက်ခဲ့ရတော့ လုံ့လံဝိရီယရှိဖို့နဲ့ချွေတာတတ်ဖို့မသင်ခဲ့ရဘူးပဲ။"
ဗီလာအပြန်လမ်းမှာ လင်ခုံးလုတစ်ယောက်ကြေကွဲလျက်။

0686: "....စျေးကြီးတာကတော်တော်လေးစျေးကြီးတယ်ဆိုပေမဲ့ မင်းတို့လိုဘောစိတွေအတွက်ဘာမှမဖြစ်ဘူးမလား။ အရင်ဘဝတုန်းကဆို မင်းကိုညစာအမြဲဖိတ်ကျွေးခဲ့တာလေ။ ဝိုင်နီတစ်ပုလင်းကယွမ်တစ်သိန်းတန်တယ်မဟုတ်ဘူးလား။"

လင်ခုံးလု: "မင်းလည်းသူငါ့ကိုဖိတ်ကျွေးတယ်ပြောတယ်နော်?"

0687: "ဒါပေမဲ့နောက်တော့မင်းပြန်ဖိတ်ကျွေးခဲ့တာ၊ စျေးတူတူလောက်ပဲ။"

"ဒါပေမဲ့အဲ့ဒါကကုမ္ပဏီရဲ့ပိုက်ဆံမဟုတ်လား။" လင်ခုံးလုတုန်ရီနေသောအသံဖြင့်ပြောမိသည်။
"သူကငါ့ကိုယ်ပိုင်ပိုက်ဆံကိုသုံးသွားတာကွ။"

0687: "....."

"မင်းတို့နောက်ပိုင်းအတူရှိတဲ့အခါကျရင် သူ့ပိုက်ဆံကမင်းပိုက်ဆံဖြစ်လာမှာပဲကို။"
0687နှစ်သိမ့်ပေးလိုက်သည်။
"မင်းသူပိုက်ဆံကိုထပ်ဖြုန်းရင် မင်းအမြတ်ပြန်ရတာပေါ့။"

"အဓိပ္ပါယ်ရှိတယ်။"
လင်ခုံးလုအသာနှစ်သိမ့်ခံလိုက်ပေမဲ့ အဆုံးတွင် သူဆုံးရှုံးလိုက်ရတာကတကယ့်ပိုက်ဆံအစစ်ဖြစ်သည်ပင်။

"သူပြောင်းလဲသွားပြီ၊ အရင်ဘဝကသူဒီလောက်အသုံးအဖြုန်းမကြီး..."
လင်ခုံးလုကြေကွဲသွားရပြန်ပေမဲ့ စကားအလယ်မှာတစ်ဆို့သွားရသည်။

0687: "!"

စနစ်မှာသိသိသာသာကိုတစ်ခုခုသဘောပေါက်သွားပြီး နှောင်းမှပြောလာသည်။
"ဇာတ်လိုက်ကပြန်မွေးဖွားလာပြန်တာလား။"

"အဲ့ထက်ပိုရမယ်။" လင်ခုံးလုစိတ်အေးအေးထားကာပြောလိုက်သည်။
"အရင်ဘဝကငါသေဆုံးပြီးနောက်ပိုင်းမှာ တစ်ခုခုဖြစ်သွားခဲ့တာနေမယ်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now