[၁၄၁] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.5K 619 10
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၁၃)။

ထိုစကားကိုကြားသော်ရှဲ့ကျင်းဟုန်တောင့်တင်းသွားရသည်၊ ရှစ်စွင်းကသူ့သရုပ်မှန်ကိုသံသယမဝင်ဘဲ "မော့ရွှမ်"သူ့ကိုတစ်ခုခုလုပ်ခဲ့တယ်လို့ပဲထင်တာလား။ တစ်နည်းဆိုရသော် ရှစ်စွင်းကသူ့ကိုအဲ့လောက်အများကြီးယုံကြည်တယ်လား။

ဒါပေမဲ့အရင်ဘဝတုန်းက သူမိစ္ဆာဖြစ်သွားမှန်းတစ်ဖက်လူကြားသိသွားသဖြင့် အကြောင်းရင်းကိုမမေးဘဲဂိုဏ်းထဲကထုတ်ပယ်ခဲ့သည်။

သူမျက်လွှာအသာချကာ အကြောင်းတချို့ကြောင့် သူလင်ခုံးလု၏စကားနောက်လိုက်ပြောလိုက်သည်။
"ဟုတ်တယ်၊ မိစ္ဆာဘုရင်ကကျွန်တော့်ကိုထိခိုက်အောင်လုပ်ခဲ့တာ။ သူကကျွန်တော့်သွေးကြောထဲမိစ္ဆာစွမ်းအင်လောင်းထည့်ပြီးတော့ ကျွန်တော့်အရိုးတွေကိုဖျက်ဆီးပစ်ခဲ့တယ်။ အခုဆိုကျွန်တော်က....မိစ္ဆာကျင့်ကြံသူဖြစ်သွားပြီ။"

ဒီဟာကအရင်ဘဝတုန်းကသူ၏ဆကယ့်အတွေ့အကြုံအစစ်အမှန်ဖြစ်ပေမဲ့ မိစ္ဆာနန်းတော်၏ယခင်ပိုင်ရှင်ရှောင်ဆွေ့ကဒါကိုလုပ်ခဲ့ခြင်းဖြစ်သည်။

သူပြောပြီးနောက်နှုတ်ခမ်းကွေးကာ လင်ခုံးလုကိုမျက်လုံးပင့်ကြည့်ပြီး ရည်ရွယ်ချက်ရှိရှိမေးလိုက်သည်။
"ရှစ်စွင်း၊ ကျွန်တော့်ကိုဂိုဏ်းထဲကထုတ်ပယ်တော့မှာလား။"

လာပါပြီ၊ ရွေးချယ်ခန်း။

လင်ခုံးလု၏ပုံရိပ်မှာတုန်လှုပ်သွားပုံရကာ သူ့မျက်နှာအလွန်အမင်းအေးစက်သွားရသည်။ တစ်အောင့်ကြာမှ သူလက်မြှောက်လိုက်ပြီး သူ့လက်ချောင်းထိပ်များကမသိမသာတုန်ရီလို့နေကာ ရှဲ့ကျင်းဟုန်၏ပုခုံးကိုအသာပုတ်လိုက်သည်။ သူသူ့အသံကိုဖိနှိပ်ကာခပ်တိုးတိုးအပြစ်တင်လိုက်သည်။
"မင်းဘာအဓိပ္ပါယ်မရှိတာတွေပြောနေတာလဲ။ မင်းကအဲ့မိစ္ဆာကြောင့်မိစ္ဆာကျင့်ကြံသူဖြစ်လာတာ။ မင်းမကောင်းတာဘာမှမလုပ်ရင် ဘာလို့ဆရာကမင်းကိုဂိုဏ်းထဲကထုတ်ပယ်ရမှာလဲ။"

ရှဲ့ကျင်းဟုန်မှာသူဒီလိုဖြေမယ်မထင်ထားမိသဖြင့် မနေနိုင်ဘဲနှုတ်ခမ်းကွေးကာနှုတ်ဆိတ်နေမိသည်။ တစ်အောင့်ကြာမှသူ့ကိုယ်သူမေးလိုက်သည်။
"ကျွန်တော်မကောင်းတာလုပ်ခဲ့လို့ ရှစ်စွင်းကျွန်တော့်ကိုဂိုဏ်းထဲကထုတ်ပယ်ခဲ့တာလား။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now