[၁၇၉] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.3K 486 5
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၂၂)။

ဖုကျင်စစ်လည်းမိန်းမောသွားရသည်။ သူဖန်ဟယ်တောင်မှာဓာတ်ပုံရိုက်ခဲ့မှန်းမှတ်တောင်မမှတ်မိတော့ပေ။ ဓာတ်ပုံထဲကလူကသူဆိုတာသာသိခဲ့ရင် သူနှင့်ရှောင်လုကသုံးနှစ်ကြာအောင်အချိန်အလကားဖြုန်းခဲ့မယ်တဲ့လား။

"အိုး၊ အမှိုက်ကောင်၊ အဆုံးမှာတော့ဇနီးကိုပြန်ရအောင်လုပ်ဖို့ငါ့ကိုလိုနေတုန်းပဲ။" ရှယွိချန်ကတကယ်ဘဲသူ့ကိုယ်သူဒီလိုမျိုးအထင်သေးလေသည်။

"တော်တော့။" နှစ်ဝက်အတွင်းမှာလက်ပဲကိုင်ခဲ့တဲ့ကောင်မှာတကယ်ဘဲဒီလိုပြောခွင့်ရှိမယ်တဲ့လား။

ဖုကျင်စစ်၏မျက်နှာမည်းသွားရသည်။ ပြောပြီးနောက် သူ့ရှေ့ကမြင့်မားသောနံရံကိုလက်ညိုးထိုးကာစိတ်မရှည်စွာပြောလိုက်သည်။
"ဟိုမှာခြံဝန်းပဲ။ မြန်မြန်သွားလိုက်တော့။"

ရှယွိချန်ကမျက်မှောင်ကြုတ်သည်။
"ခြံဝန်းထဲမှာလူရှိလားဆိုတာမင်းအရင်သွားကြည့်ရမှာမဟုတ်ဘူးလား။"

ဖုကျင်စစ်မပျော်မရွှင်ပြောလိုက်သည်။
"ငါမသွားချင်ဘူးလို့ထင်နေတာလား။ ခြံဝန်းကအဆောင်နဲ့လုပ်ထားတဲ့အစီအရင်တွေအပြည့်ပဲ။ ငါအနားကပ်သွားရင်သူတို့ငါ့ကိုသတိထားမိသွားလိမ့်မယ်။"

ရှယွိချန်: "....."

ဖုကျင်စစ်: "......"

ဆိုရိုးစကားများကသိပ်မှန်သည်ဟုသူတို့နှစ်ယောက်လုံးရုတ်ခြည်းခံစားလိုက်ရသည်။ လူတစ်ယောက်၏အကြီးမားဆုံးရန်သူမှာမိမိကိုယ်၌တည်း။ မိမိကိုယ်ကိုစကားပြောလို့ရှိရင် အလွယ်လေးစိတ်ဆိုးဒေါသထွက်လာကာသူများကိုရိုက်ပစ်ချင်လာလိမ့်မည်ပင်။

အဆုံးမှာတော့ရှယွိချန်ကဘော်ဒီဂတ်များနှင့်စောင့်ကြည့်ကင်မရာကိုရှောင်ပြီး အနောက်ခြံဝန်းထဲသေချာဂရုတစိုက်တွယ်တက်သွားကာ ဖုကျင်စစ်၏ညွှန်ကြားမှုနောက်လိုက်ပြီး အစီအရင်ကိုဘာမှသိပ်မဖြစ်စေနိုင်သည့်အဆောင်တချို့ကိုဆွဲဖြဲပစ်လိုက်သည်။

ဖုကျင်စစ်နောက်ဆုံးမှာနံရံနားကပ်လို့ရသွားပြီး ဆက်ညွှန်ကြားလိုက်သည်။
"အဆောင်ပုံစံကို​မြင်လား။ ဒါကမိစ္ဆာဖိနှိပ်တဲ့အစီအရင်ပဲ။ ဒီလိုအစီအရင်ရဲ့မျက်စိကများသောအားဖြင့်တော့အလယ်ဗဟိုမှာပဲ။ အရိုးပြာတွေအဲ့မှာရှိလောက်တယ်။ မင်းအဲ့မှာသွားရှာကြည့်လိုက်။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now