[၁၀၃] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

4.3K 705 18
                                    

!unicode!

ဝံပုလွေများကစဲ့ရှီးအာရောက်လာတာကိုမြင်သွားချိန်မှာ ချက်ချင်းလမ်းဖယ်ပေးလိုက်ကြသည်။

ဟေးဝေမှာသတိမထားမိသေးဘဲ သူ့ခေါင်းကိုဒဏ်ရာမရထားသည့်လက်ဖဝါးဖြင့်အုပ်ကာ အော်ပြောလျက်။
"ငါအဲ့ဝံပုလွေကိုခြုံခိုမတိုက်ခိုက်ခိုင်းခဲ့ဘူး၊ မင်းတို့ငါ့ကိုသတ်လို့်မရဘူးနော်။ ကတုံးလေးကိုလာခိုင်းလိုက်၊ ငါ့အမေကသူ့ကိုကျွေးမွေးခဲ့တာ၊ သူဒီလိုလုပ်လို့မရဘူးလေ၊ ငါ့မိန်းမကငါပြန်လာမှာကိုစောင့်နေတုန်း...."

"ဝံပုလွေဘုရင်ဖြစ်ပြီးသေရမှာကြောက်နေသေးတယ်၊ သူကဘုရင်ဖြစ်ဖို့မထိုက်တန်ဘူးပဲ။"
ဝံပုလွေများကသူ့ကိုအထင်သေးသွားသည်။

"မင်းကမိန်းမရှိတဲ့တစ်ကောင်ပဲ၊ တစ်နေကုန်တစ်နေခမ်းအူနေတာလေ!" စင်ဂယ်ဝံပုလွေအများအပြားမှာပို၍ပင်မနာလိုဖြစ်သွားကြပြီး မနေနိုင်ဘဲကိုက်ရန်ပြင်လိုက်ကြပြန်သည်။

ဝံပုလွေဖြူလေးကလင်ခုံးလုကိုယ်စားဒေါသပုံချချင်နေပေရာ ၎င်းကိုလျစ်လျူရှုပြီး ဝံပုလွေခြေထောက်ကို"အာဝူး"ခနဲကိုက်ပစ်လိုက်သည်။

စဲ့ရှီးအာကရင်ခွင်ထဲမှာလင်ခုံးလုကိုပွေ့ချီလျက်ရောက်လာပြီး ဝံပုလွေပေါက်လေးကတော်တော်လေးခက်ထန်နေတာကိုမြင်လိုက်ရတော့ သူ့နှုတ်ခမ်းထောင့်များမသိမသာတွန့်သွားကာ အခြားဝံပုလွေများကိုပြောလိုက်မိသည်။
"ဟိုကောင်လေးကိုခေါ်သွားလိုက်။"

လင်ခုံးလုလည်းသူ့နှဖူးသူအုပ်လိုက်မိပြီး ကံကောင်းချင်တော့အခြားဝံပုလွေများကထိုနေရာတွင်ရှိနေပေလို့၊ မဟုတ်ရင်ခုနကဝံပုလွေဖြူလေးမှာသေချာပေါက်အန္တရာယ်ရှိလိမ့်မည်ဟုခံစားလိုက်ရသည်။

အဆုံးတွင် ဟေးဝေကားဘေးအိမ်ကဝံပုလွေများ၏ဘုရင်ဖြစ်သည်။ သူအခုဒဏ်ရာရထားပေမဲ့လည်း သူ့ခွန်အားကရှိနေသေးသဖြင့် ဝံပုလွေပေါက်လေးတစ်ကောင်ကိုသတ်ပစ်ဖို့ကပြဿနာမရှိပေ။ အမြီးနီဝံပုလွေများကသူ့ကိုဝန်းရံထားပြီး သူတို့သာတကယ်ကိုက်ပစ်ရင် နောက်တစ်စက္ကန့်မှာသူအကိုက်ခံရမည်မို့ မတန်ပေ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now