[၁၂၅] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.1K 624 9
                                    

!unicode!

"မင်းနဲ့မင်းအမေရွှယ်ဝမ်ကလူမဟုတ်ဘူး။" လင်ခုံးလုပြုံးကာထပ်ပေါင်းပြောလိုက်သည်။ "မင်းတို့ကသန္ဓေပြောင်းပိုးကောင်တွေပဲ။"

[ ဖာ့ခ်၊ ဘာပြောလိုက်တယ် ]

[ ပြစ်မှုကိုရှောင်ဖို့ တကယ်ဘာမဆိုလုပ်ရဲတာပဲ ]

[ ဒီလိုအလိမ်အညာမျိုးကပေါ်ထွက်လာဖို့လွယ်တယ်၊ မင်းဆေးဘက်ဆိုင်ရာစစ်ဆေးမှုပြီးသွားရင်သိရလိမ့်မယ်။ ]

[ ဧကရာဇ်ရဲ့အကြီးဆုံးသားတော်မှာသူ့ကိုကူပြီးအတုလုပ်ပေးနိုင်စွမ်းရှိမယ်ထင်နေတာလား။ ]

[ အမ်၊ ငါတစ်​ယောက်ထဲသူအရမ်းသေချာနေတယ်ထင်နေတာလား၊ ဖြစ်နိုင်တာက... ]

ပွဲကြည့်ပရိသတ်များမှာလည်းအုံကြွလာကြပြီး လူတိုင်းကလင်ခုံးလုကိုအံ့သြတကြီးကြည့်မိကာ သူရူးသွားပြီးပေါက်ကရစကားများပြောနေသည်ဟုတွေးလိုက်ကြသည်။ လော့ယွီချန်ကဘယ်လိုလုပ်ပြီးပိုးကောင်ဖြစ်နိုင်မှာလဲ။ သူကနှစ်တိုင်းရုပ်ပိုင်းဆိုင်ရာစစ်ဆေးမှုလုပ်သည်ပင်။

ရွှယ်ဝမ်၏မျက်စိသူငယ်အိမ်သာရုတ်ခြည်းကျုံ့ဝင်သွားကာ လင်ခုံးလုလိမ်ပြောတာမဟုတ်ဘဲသူမသရုပ်မှန်ကိုတကယ်သိထားမှန်းသဘောပေါက်သွားသည်။ သူမ၏အစကအလိုလိုသိစိတ်ကမှန်တယ်၊ အနားကအရပ်ဝတ်နှင့်စစ်ရဲများကသူမဆီရောက်လာလောက်သည်ပင်။

လော့ယွီချန်အံ့သြသွားပုံရကာ ထိုစကားကအဓိပ္ပါယ်မရှိဘဲရယ်စရာကောင်းမှန်းသိသွားပြီး လှောင်ပြောင်ပြောဆိုလိုက်သည်။
"မင်းစိတ်လွတ်သွားပြီလား။ မင်းငါ့ကိုချောက်ချချင်ရင် ကျိုးကြောင်းဆီလျော်တဲ့အကြောင်းပြချက်ရှာမှရမယ်။"

"အရမ်းဝမ်းနည်းစရာကောင်းတာပဲ။" လင်ခုံးလုသနားဟန်ပြောလိုက်သည်။
"ကြည့်ရတာတော့ရွှယ်ဝမ်ကမင်းကိုဘာမှမပြောပြထားတဲ့ပုံပဲ၊ ဒါမှမင်းအခုဘာမျိုးစိတ်မှန်းမသိမှာလေ။"

သူကလော့ယွီချန်ကိုပြောနေပေမဲ့ သူ့မျက်လုံးများကတော့ရွှယ်ဝမ်ပေါ်မှာကျရောက်လို့နေသည်။

ရွှယ်ဝမ်ခေါင်းငုံ့ကာမျက်လွှာချပြီး ရုတ်ခြည်းလက်သီးတင်းတင်းဆုပ်လိုက်မိကာ စူးရှခက်ထန်သောအကြည့်ကမျက်ဝန်းထဲမှာတစ်ချက်လက်သွားသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now