[၁၅၉] Arc|8| တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

4.6K 622 13
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁)။

"မဒမ်၊ ကျွန်တော်တို့ရောက်ခါနီးနေပါပြီ။" မသိမသာစက်ရုပ်ဆန်သောအသံတစ်ခုကသူ့နားထဲတွင်ပဲ့တင်ထပ်သွားပြီး အမြှီးပိုင်းလေသံမှာဖော်ပြမရအောင်ငြိတွယ်လျက်ရှိသည်။

လင်ခုံးလုမျက်စိဖွင့်လိုက်တော့ သူဟာခပ်မြင့်မြင့်ကားတစ်စီးပေါ်မှာထိုင်လျက်သားရှိနေတာကိုမြင်လိုက်ရသည်။ ထိုင်ခုံပုံစံမှတဆင့်စျေးကြီးမှန်းမြင်နိုင်သည်။

သူတည်ငြိမ်စွာဝေ့ဝဲကြည့်လိုက်တော့ ယာဥ်မောင်းထိုင်ခုံမှာထိုင်နေသည့်အနက်ရောင်suitနှင့်ယောကျ်ားတစ်ယောက်အပြင် ကားထဲမှာသူတစ်ဦးတည်းရှိနေမှန်းသိလိုက်ရသည်။ ဒါဆိုခုနက"မဒမ်"က...

"မဒမ်?"
ယာဥ်မောင်းထိုင်ခုံရှိလူက နောက်ကြည့်မှန်တဆင့်သူတုံ့ပြန်မှုကိုမြင်သွားကာ ထပ်ခေါ်လာသည်။

လင်ခုံးလု: "...." ငါ့ကိုခေါ်နေတာဟ။

သူအလိုလိုလက်မြှောက်ကာသူ့ရင်ဘတ်ကိုဖိလိုက်မိသည်။ ဟူး၊ တော်သေးတယ်၊ သူမိန်းမလိုမဝတ်ထားဘူးပဲ။

သူဒီလိုတွေးမိတာမဆန်းပေ၊ သူအရင်ကကမ္ဘာထောင်ပေါင်းများစွာကိုကူးပြောင်းခဲ့ဖူးပြီး အနည်းနှင့်အများမိန်းမပုံစံဝတ်ဆင်ခဲ့ရတာအမှန်ပင်။ သို့သော်၎င်းတို့အကုန်လုံးမှာတိုတောင်းပြီး​မြန်ဆန်သောမစ်ရှင်ကမ္ဘာများဖြစ်သဖြင့် ကူးပြောင်းဝင်ရောက်ပြီးနာရီအနည်းငယ်အတွင်းမှာပြန်ထွက်လာလို့ရသည်။ အများစုမှာမျက်နှာတစ်ချက်ပြပြီးသည်နှင့်ရှင်းပစ်ခံလိုက်ရသည့်အ​ရံဇာတ်ကောင်များဖြစ်သည်။

သူပြန်စတင်ပြီးနောက်ကူးပြောင်းဝင်ရောက်ခဲ့ရသည့်ကမ္ဘာအများစုမှာပြင်းထန်သောဇာတ်ကွက်တာဝန်များရှိသဖြင့် ၎င်းတို့မှာသူမိန်းမပုံစံဝတ်စားခဲ့ရသည့်တိုတောင်းသောလျင်မြန်သောမစ်ရှင်ကမ္ဘာများနှင့်တကယ့်ကိုမတူ။ သို့သော်လည်း "မဒမ်"ဟုအခေါ်ခံခဲ့ရသောကမ္ဘာများစွာရှိပေရာ အခုကဘယ်ကမ္ဘာလဲဆိုတာသူသေချာမသိပေ။

သူခေါင်းမော့ကာပြတင်းပေါက်အပြင်ကိုကြည့်တော့ အနီးပတ်ဝန်းကျင်မှာလယ်ကွင်းပြင်နှင့်ခပ်လှမ်းလှမ်းမှာတဝိုးတဝါးတောင်တန်းနှင့်တောအုပ်များရှိနေတာကိုမြင်လိုက်ရသည်။ ၎င်းမှာအလွန်သာမန်ဆန်သောရွာမြင်ကွင်းပေမို့ သူဘာဆိုဘာမှမသိနိုင်ပေ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now