[၁၄၅] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.2K 603 41
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၁၇)။

လင်ခုံးလုတစ်အောင့်ကြာမိန်းမောမိသွားစဥ် ရှဲ့ကျင်းဟုန်ကဆရာမလိုဘဲသိသည့်အလား သူ့နောက်စေ့ကိုဆုပ်ကိုင်ပြီး တဖြည်းဖြည်းချင်းခပ်ဖွဖွအနမ်းကိုနက်ရှိုင်းကာ ဝတ်ရုံနီ၏ခါးစည်းကြိုးကိုအခြားလက်ဖြင့်ဖြည်လိုက်သည်။

"အမ်!" လင်ခုံးလုအသက်ရှုရစခက်လာမှ နောက်ဆုံးအသိပြန်ဝင်လာချေသည်။ သူအလျင်စလိုရုန်းထွက်ကာ သူ့လက်ကောက်ဝတ်များစုချည်ခံထားရသည့်လက်များကိုလက်သီးဆုပ်ကာ မိစ္ဆာအရှင်၏နှဖူးကို"ဒေါက်"ခနဲခေါက်ချပစ်ပြီး အမည်းစင်းများဖြင့်ပြောလိုက်မိသည်။
"ဘယ်သူကမင်းဇနီးလဲ။"

အနမ်းခံလိုက်ရပြီးနော​က်သူမောဟိုက်လို့နေပြီး သူ့နှုတ်ခမ်းများစိုစွတ်ကာနီစွေးလျက်ရှိပြီး သူ၏ပုံမှန်မထူးခြားမခြားနားမျက်ဝန်းထဲမှာရေအလွှာရှိနေလေသည်။ သူထိုစကားများပြောလာချိန်မှာ တကယ့်ကိုခက်ထန်မှုရှိမနေ။

ရှဲ့ကျင်းဟုန်၏မျက်လုံးများမှောင်မိုက်သွားပြီး သူမဂ်လာဝတ်ရုံနီထဲလက်လျိုသွင်းကာသူ့ခါးကိုခပ်တင်းတင်းရစ်ပတ်ပြီး သူ့ကိုရင်ခွင်ထဲဆွဲသွင်းကာ အက်ရှရှအသံဖြင့်ပြောလိုက်သည်။
"ရှန်းကျွင်းကကိုယ့်ရှေ့မှာမဂ်လာဝတ်ရုံဝတ်ပြီးပေါ်လာတာ၊ ကိုယ့်ကိုလက်ထပ်ချင်လို့မဟုတ်ဘူးလား။"

လင်.ကြက်သေသေသွားသော.လု: "...."
အင်း၊ အရှက်မရှိချက်ပဲ။ မင်းရှေ့မှာဝတ်ရုံနီဝတ်ပြီးပေါ်လာတာမင်းကိုလက်ထပ်ဖို့ဆို၊ မင်းကတိသစ္စာပြုနေကြတဲ့စုံတွဲကိုမြင်တဲ့အခါကျရင် မင်းအဲ့လက်ထပ်ပွဲကိုသွားဖျက်မှာလား။ တကယ်ပဲ။

မဟုတ်သေးဘူး၊ သာမန်လူတွေမှာအဲ့လိုအရာမျိုးမရှိဘူး၊ ဒါပေမဲ့ကိုယ့်ကိုယ်ကိုယုံကြည်မှုရှိလွန်းနေတာကြီးကတော့တကယ်ဆိုးတယ်။

ဒါဘယ်နေရာမှန်းလင်ခုံးလုမသိပေမဲ့ ပုံရိပ်ယောင်၊ ဒါမှမဟုတ်တစ်ခုခုဖြစ်မယ်မှန်းခန့်မှန်းမိသည်။ ဒါပေမဲ့ သူ့ရှေ့ကရှဲ့ကျင်းဟုန်ကအစစ်လား၊အတုလားဆိုတာကိုတော့သူသေချာမသိပေ။

သူထပ်စမ်းသပ်ကြည့်ချင်ပေမဲ့ ရှဲ့ကျင်းဟုန်၏မျက်လုံးများမှာအနီပိုရင့်လာပြီး သူ့ကိုစူးစိုက်ကြည့်ကာပြောလာတာကိုမြင်လိုက်ရသည်။
"ရှန်းကျွင်းကအခုပဲမီးပြင်းဖိုဆေးစားထားတာဆိုတော့ တိုက်ခိုက်ခံနေရပြီမလား။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now