[၄၁] ကမ္ဘာပျက်ကပ်ကရည်းစားဟောင်း။

6.5K 1.1K 12
                                    

!unicode!

ကျန့်စစ်မလာမှန်းလင်ခုံးလုတွေ့လိုက်ရသဖြင့် ယောင်းရီနှင့်အခြားသူတို့ကိုအာလူးနှပ်ဇွန်းအပြည့်ပေးလိုက်ပြှးမှ အပြုံးတစ်ပွင့်နှင့်​မေးလိုက်သည်။
"ကျန့်စစ်ကဘာလို့မလာတာလဲ၊ သူအလုပ်ရှုပ်နေလို့လား။"

ရွှီကျားကျားမှာအဖွဲ့ထဲမှာရှားပါးသောမိန်းကလေးတစ်ယောက်ဖြစ်သည်။ သူမကားကမ္ဘာပျက်ကပ်မတိုင်ခင်တုန်းကကြယ်ပွင့်နောက်လိုက်သူလေးဖြစ်​ပေရာ လှပသောကောင်လေး၏အပြုံးကိုမတောင့်ခံနိုင်ပေ။ သူမကသူမစားစရာကိုမျိုချကာပြောလိုက်သည်။
"ကပ္ပတိန်ကအမြဲဒီလိုပဲ။ သူ့မှာအေးစက်စက်ပင်ကိုယ်စရိုက်ရှိတယ်။ သူကအပြင်မှာကျွန်မတို့ကိုစောင့်ပေးချင်တာဖြစ်လောက်မယ်။"

"အိုး။"
လင်ခုံးလုကအာလူးနှပ်နောက်ထပ်နှစ်ဇွန်းကိုဘေးကပန်းကန်လုံးကြီးထဲထည့်ကာ စိတ်လှုပ်ရှားစွာပြောလိုက်သည်။
"ဒါဖြင့်ရင် ကျွန်တော်သူ့ကိုစားစရာတချို့ယူသွားပေးလိုက်မယ်နော်။"

လူတိုင်းမှာပန်းကန်လုံးကြီးထဲကနှစ်ဇွန်းစာကိုကြည့်လိုက်ပြီးနောက် သူတို့ပန်းကန်လုံးထဲကတစ်ဇွန်းစာကိုကြည့်လိုက်မိသည်။ ရုတ်တရက်စားစရာကအရသာမရှိတော့ဟုခံစားလိုက်ကြရသည်။

သို့သော်လည်း ယောင်းရီနှင့်အခြားသူတို့မှာအစကကျန့်စစ်ဆီစားစရာသွားပို့ပေးဖို့အကြိံပေးပေ။ ဘာလို့လဲဆိုတော့ ကျန့်စစ်ကလူတို့ကိုအလွန်အေးစက်စွာဆက်ဆံတတ်ပြီး သူကစကားလာပြောသူတို့ကိုမကြာခဏလျစ်လျူရှုလေ့ရှိသည်။

ဒါပေမဲ့သူတို့ရှေ့ကလူငယ်လေးမှာကျန့်စစ်ကိုသိပုံရသည်၊ အဆုံးတွင်သူတို့ပထမဆုံးစတွေ့တုန်းကသူကသူ့ကိုကိုကိုဟုခေါ်ခဲ့သည့်အပြင် ခုနကကျန့်စစ်၏နာမည်ကိုပင်ခေါ်လိုက်သေးသည်။

ဒါကိုတွေးမိရင်း လူတိုင်းခေါင်းငြိမ့်ကာပြောလိုက်မိသည်။
"သွားပါ၊ သွားပါ။"

ဒီလိုချိုမြိန်ပြီးဆွဲဆောင်မှုရှိတဲ့လူငယ်လေးနဲ့ဆိုရင် ကပ္ပတိန်ငြင်းရခက်မယ်ဆိုတာငါယုံကြည်တယ်။

လင်ခုံးလုကသံစည်းရိုးကိုစားစရာဗူးနှင့်ဘေးတွန်းဖယ်ကာ ကားဆီလျှောက်လာချိန်တွင် ကျန့်စစ်ကကားထဲမှာဘီစကစ်စားနေလေသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now