[၁၂၄] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.2K 623 5
                                    

!unicode!

ကားမှာစစ်ဌာနချုပ်ဆီတောက်လျှောက်မောင်းသွားပြီး လင်ခုံးလုကားပေါ်ကဆင်းလိုက်ချိန်မှာ သူ့လက်ကောက်ဝတ်ကစဲ့ရှီးအာနှင့်လက်ထိတ်ခတ်ထားဆဲပင်။

ယွီရှင်းရီကသူတို့ကိုလိုက်ပို့ရန်တာဝန်ယူထားသည်။ သူခေါင်းလှည့်ကြည့်မိတော့သူတို့ကိုမြင်လိုက်ရချိန် သူ့နှုတ်ခမ်းထောင့်များမသိမသာတွန့်သွားကာ အေးစက်ချင်ယောင်ဆောင်လိုက်သည်။
"သူတို့ကိုခေါ်သွားတော့။"

သူအချုပ်ကိုရောက်သွားချိန်မှာ စဲ့ရှီးအာကလင်ခုံးလုနှင့်အတူလက်ထိပ်မခတ်ထားတော့ဘဲ အနည်းငယ်နောင်တရစိတ်ခံစားလိုက်ရသည်။ လက်ထိပ်ဖွင့်ပြီးနောက် သူ့နားထဲမှာတိုးတိုးလေးပြောလိုက်သည်။
"ကိုယ်​နောက်တစ်ခေါက်သင်ကြားရေးမှာသုံးလို့ရလားဟင်?"

လင်ခုံးလုလက်ထိတ်ကိုတစ်ချက်ကြည့်ပြီး သူဘာပြောနေမှန်းနားလည်သွားကာမနေနိုင်ဘဲမေးမိသည်: မင်းနောက်တ်စ်ခေါက်ပဲသုံးမှာသေချာလို့လား။ ပြီးတော့ ဒီနှင်းဆီရွှေရောင်...မင်းဘယ်ကရှာလာတာတုန်း?

"မာရှယ်ပြောတာကတော့ရက်နည်းနည်းပဲပိတ်ထားမှာတဲ့၊ ဒီတော့ကိုယ်ညကျရင်မင်းဆီလာလို့ရတယ်၊ စိတ်မပူနဲ့။"
သူသဘောမတူတာမြင်တော့ စဲ့ရှီးအာတုံ့ဆိုင်းသွားကာအကြောင်းအရာပြောင်းပြောလိုက်သည်။

လင်ခုံးလု: "....."

သူအချုပ်ခန်းထဲဝင်သွားချိန်မှာစဲ့ရှီးအာမလိုက်သွားပေ၊ လော့တင်းနှင့်သူ့သားလည်းထိုနေရာမှာရှိနေသောကြောင့်ပင်။ ဖော်ထုတ်ခံရမှာကိုရှောင်လွှဲရန်အလို့ငှာ ထိုနှစ်ယောက်ထွက်သွားမှပြန်လာဖို့စီစဥ်လိုက်သည်။

အမှန်တော့လော့တင်းနှင့်သူ့သားတင်မကဘဲ လင်ကုမ္ပဏီ၏များစွာသောအကြီးတန်းအမှုဆောင်ဒါရိုက်တာများလည်းရှိနေသည်။ အဆုံးမှာတော့ဒီကိစ္စကတော်ဝင်မြို့တော်၏လုံခြုံရေးပါဝင်သည့်အပြင် လေးနက်သောကိစ္စလည်းဖြစ်ပေသည်။ လင်ခုံးလုတစ်ယောက်တည်းခေါင်းခံရန်မဖြစ်နိုင်။

လော့တင်းနှင့်လော့ယွီချန်၏"မိုက်မဲသော"သက်သေကပြီးမြောက်သွားပြီး မာရှာ၏ဖခင်တတိယစစ်နယ်မြေ၏စစ်ဦးစီးချုပ်ကတစ်ယောက်ယောက်လွှတ်လိုက်သဖြင့် ခဏကြာတော့သူတို့ကိုလွှတ်ပေးလိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now