[၁၂၆] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

3.2K 628 5
                                    

!unicode!

တိုက်ရိုက်ထုတ်လွှင့်မှုကင်မရာကဧရာမသန္ဓေပြောင်းကောင်ဓားနှင့်အထိုးခံလိုက်ရသည့်မြင်ကွင်းမှာအေးခဲသွားပြီး အချိန်မှာရပ်တန့်သွားသယောင်။

တရားရုံးပျက်စီးသွားတုန်းတိုက်ရိုက်ထုတ်လွှင့်မှုကိုဖျက်သိမ်းရန်တွန်းအားပေးခံခဲ့ရသည့်တိုက်ရိုက်ထုတ်လွင့်ပြသခန်းးကဒိအလိုက်အတန့်မှာပြန်ပေါ်လာသည်။ ထိတ်လန့်နေကြသည့်အင်တာနက်သုံးစွဲသူများမှာတစ်အောင့်ကြာမိန်းမောသွားကြကာ အသိပြန်ဝင်လာပြီးနောက်သူတို့အော်ဟစ်မိကြသည်--

[ အားအားအား! အသတ်ခံလိုက်ရပြီ၊ နောက်ဆုံးတော့အသတ်ခံလိုက်ရပြီ! ]

[ ဧကရာဇ်ရဲ့အကြီးဆုံးသားတော်ပဲ၊ အားအား၊ ဧကရာဇ်ရဲ့အကြီးဆုံးသားတော်ကအရမ်းချောတာပဲ! ]

[ အထဲမှာတိုက်ခိုက်နေတုန်းကဆို ဧကရာဇ်ရဲ့အကြီးဆုံးသားတော်ကငိုချမိလောက်အောင်ချောတာ၊ ဝူးဝူး ]

[ ဒါကလွန်ခဲ့တဲ့နှစ်ရာချီတုန်းကဇာ့ဂျ်ဘုရင်မနဲ့ညီမျှတဲ့ခွန်အားရှိတဲ့အဆင့်မြင့်သန္ဓေပြောင်းကောင်နော်၊ အကြီးဆုံးသားတော်ကတစ်ယောက်ထဲသတ်ပစ်လိုက်တာ! ]

[ အနာဂတ်မှာဧကရာဇ်ရဲ့အကြီးဆုံးသားတော်နဲ့လင်သခင်လေးကိုဘယ်သူမကောင်းပြောမှာလဲ၊ ငါတော့သူ့ကိုထောက်ခံတယ် ]

[ သူတို့ကတကယ့်အတွဲတွေလား။ ဝူးဝူး၊ ကောင်းလိုက်တာ ]

ရွှယ်ဝမ်မှာလည်းသူမနှလုံးသားကိုမယုံကြည်နိုင်ဟန်ကြည့်လိုက်မိသည်။

"မင်း...မထင်မှတ်ထားစွာနဲ့...."
သူမ၏အသံမှာအက်ရှလို့နေကာ သူမမျက်နှာထားပျက်ယွင်းသွားချေသည်။

ထိုစဥ်အလင်းဓားကခပ်မြန်မြန်တစ်ပတ်လည်ကာ သူမနှလုံးသားကိုတစစီချေမွပစ်လိုက်သဖြင့် ရွှယ်ဝမ်လုံးဝလဲကျသွားလေတော့သည်။

[ အားအား၊ သေပြီ၊ တကယ်သေသွားပြီ! ]

တိုက်ရိုက်ထုတ်လွှင့်ပြသမှုအခန်းထဲမှာစိတ်လှုပ်ရှားမှုပေါက်ထွက်လာပြီး လင်ခုံးလုလည်းသက်မချမိကာ စဲ့ရှီးအာ၏ခါးကိုကိုင်ထားသည့်လက်ကိုနောက်ဆုံးမှာလွှတ်ပေးလိုက်မိသည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now