[၁၁၁] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

4.1K 769 9
                                    

!unicode!

စဲ့ရှီးအာနှုတ်ခမ်းတင်းတင်းစေ့ကာ မျက်ဝန်းနက်ထဲတွင်အလင်းတစ်စဖြင့် လင်ခုံးလုကိုခေါင်းမာစွာကြည့်ကာ  တစ်ဖက်လူကသူ့ကိုလှည့်စားသွားပြီးနောက်မှာအပြစ်ရှိစိတ်ခံစားရပြီးနောင်တရနေမလားသိချင်နေမိသည်။ ဒါမှမဟုတ် လူလိမ်လေးမှာတကယ်အခက်အခဲတချို့ရှိနေတာလားပဲ။

ဒါပေမဲ့မဖြစ်နိုင်ဘူး၊ တစ်ဖက်လူ၏မျက်ဝန်းထဲမှာအပြုံးတစ်ပွင့်သာရှိနေပုံမှာ သူတစ်ယောက်တည်းဒေါသထွက်ပြီးဝမ်းနည်းနေသည့်အလား လူလိမ်လေးမှာအမြဲတမ်းတည်ငြိမ်အေးဆေးလှသည်။

စဲ့ရှီးအာ၏မျက်ဝန်းထဲကအလင်းရောင်မှိန်ဖျော့သွားရသည်။

လင်ခုံးလုတကယ်ရှင်းပြချင်ပေမဲ့ ပထမတစ်ချက်၊ ပတ်ပတ်လည်မှာပွဲကြည့်ပရိသတ်များစွာရှိနေသဖြင့် လူထုရှေ့မှာတချို့အရာများပြောရန်အဆင်မပြေ။ ဒုတိယအချက်၊ အခုဆိုတောရိုင်းထဲမှာလုပ်ခဲ့သလိုမျိုးဝံပုလွေပေါက်လေးကိုရှင်းပြလို့မရ။ ၎င်းကဧကရီကျင်းပသည့်ကိုယ်ရေးကိုယ်တာစားသောက်ပွဲတော်မို့ ထိုသို့လုပ်တာကပေါ့ပြက်ပြက်ပုံပေါက်သွားပေမည်။

ဒါပေမဲ့သူစဲ့ရှီးအာကိုအပြင်မှာအတူစကားသွားပြောဖို့ပြောရန်ပြင်လိုက်ချိန်မှာ ဧကရီအန်းယာကကျက်သရေရှိစွာရှေ့တိုးကာ အပြုံးလေးဖြင့်​မေးလာသည်။
"ဘာဖြစ်လို့လဲ။"

သို့ဖြစ်၍ပလန်ကိုခဏဖျက်ကာ ဧကရီကိုအရင်နှုတ်ဆက်လိုက်သည်။

အန်းယာကပြုံးကာခေါင်းငြိမ့်လိုက်ပြီးမှ စဲ့ရှီးအာကိုကြည့်ကာ သူမအသံကအလိုလိုနူးညံ့သွားသည်။
"စဲ့ရှီးအာ?"

ထို့နောက်သူရိုးရှင်းစွာအကြည့်လွှဲကာ ဗလုံးဗထွေးအသံဖြင့်ပြောလိုက်သည်။
"ကျွန်တော်ဒီမှာစားမယ်။"

သူအလျင်စလိုမလုပ်ချင်တော့ဘူး၊ ဒီတစ်ခေါက်တော့လူလိမ်လေးရှင်းပြမှာကိုသူအရင်စောင့်ရမယ်။ တစ်ဖက်လူအရင်ဘဝကလိုမျိုးသူ့ကိုလျစ်လျူရှုပြီးလှည့်ထွက်သွားမှာကိုသူမကြောက်ဘူး၊ သူဒီတိုင်းဒီမှာစောင့်ကြည့်ပြီးတော့ နောက်ပိုင်းတစ်ဖက်လူဘယ်သွားသွားသူလိုက်မယ်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now