[၁၂၈] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

4.5K 708 19
                                    

!unicode!

စဲ့ရှီးအာ: "ကျွန်တော့်အထင်ကတော့ အမေ့ဘာသာအမေဘုရင်မလုပ်လို့ရတာပဲ။ အမေကကျွန်တော့်ထက်ခွန်အားပိုကြီးတာမို့ အမေကပိုသင့်တော်တယ်။ ကျွန်တော်တို့ဝံပုလွေအုပ်ထဲမှာဆို ခွန်အားအကြီးဆုံးတစ်ယောက်ကဘုရင်ဖြစ်မှာပဲ၊ ဝံပုလွေအမကဘုရင်မမဖြစ်ရဘူးဆိုတာမျိုးမရှိဘူး။"

ဒါကိုကြားတော့အန်းယာနှင့်မာရှယ်ချူးအံ့သြသွားရသည်။

ဒါပေမဲ့နောက်ပိုင်းစကားကိုကြားလိုက်ရချိန်မှာ မာရှယ်ချူး၏မျက်နှာမည်းတူးသွားရပြန်သည်။ ဘယ်လိုလုပ်တူမှာလဲဟ?

သို့သော်လည်း တော်ဝင်ထီးနန်းဆက်ခံမှုဥပဒေအရဆို ဇနီးသည်မှာထီးနန်းဆက်ခံခွင့်ရှိသည်။ ဒီစည်းမျဥ်းမှာပထအဆုံးကြေငြာချက်ထုတ်တုန်းကတစ်ခါသာအသုံးချခဲ့ဖူးတာမို့ အနည်းဆုံးတော့လိုက်လုပ်စရာသာဓကရှိတယ်မလား။

ဒီကလေးစဲ့ရှီးအာကတော်တော်များများလေ့လာခဲ့ရသဖြင့် အခုဆိုဧကရာဇ်ဖြစ်ရခြင်းကားသူ့အတွက်အကျဥ်းထောင်ဖြစ်နေပေသည်။ သူဘာလို့နှစ်အနည်းငယ်ကြာအောင်စစ်တပ်ထဲမသွားခဲ့တာလဲ၊ သူအရွယ်ထပ်ရောက်လာမှထီးနန်းဆက်ခံရင်လည်းတအားနောက်မကျသွားပါဘူး။

ဒါကိုတွေးမိတော့ မာရှယ်ချူးမနေနိုင်ဘဲအန်းယာကိုပြောမိသည်။
"ငါတော့ဖြစ်နိုင်တယ်ထင်တာပဲ။"

အန်းယာအစကသဘောမတူပေမဲ့ ရက်အနည်းငယ်ကြာပြီးနောက် စဲ့ရှီးအာမှာထီးနန်းဆက်ဆံလိုသည့်ရည်ရွယ်ချက်လုံးဝမရှိမှန်းမြင်လိုက်ရတော့ သူမနောက်ဆုံးမှာထီးနန်းဆက်ခံရန်သဘောတူလိုက်ရသည်။

အခြားနိုင်ငံအများအပြားမှာအခုတလောပုန်းခိုနေသည့်သန္ဓေပြောင်းကောင်များပေါ်ထွက်လာခဲ့သဖြင့် အတော်လေးမတည်မငြိမ်ဖြစ်နေပေသည်။ ဆွေးနွေးပြီးနောက် လူသားမဟာမိတ်တပ်ဖွဲ့ကာ သန္ဓေပြောင်းကောင်များကိုအတူလက်တွဲတိုက်ခိုက်ရန်ဆုံးဖြတ်ခဲ့သည်။

သဘောတူစာချု​ပ်မရေးထိုးမီတစ်ရက်အလိုမှာ ဟားရစ်ကွယ်လွန်သွားခဲ့သည်။ အန်းယာထိုသတင်းကိုကြေငြာချိန်မှာ သူမကိုယ်တိုင်ထီးနန်းဆက်ဆံတော့မည်ဖြစ်ကြောင်းနှင့်လူသားမဟာမိတ်တပ်ဖွဲ့စည်းကာ သန္ဓေပြောင်းကောင်များကိုအတူလက်တွဲတိုက်ခိုက်မည်ဖြစ်ကြောင်းပါကြေငြာချက်ထုတ်ပြန်လိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now