[၁၅၄] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

2.9K 586 10
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂၆)။

လင်ခုံးလုလက်မြှောက်ပြီး တုန်တုန်ရီရီဖြင့်ရှဲ့ကျင်းဟုန်မျက်နှာပေါ်ကမိစ္ဆာသွေးကြောများကိုသူ့လက်ချောင်းထိပ်များဖြင့်အသာထိကြည့်လိုက်မိသည်။ ရှဲ့ကျင်းဟုန်မိစ္ဆာသွေးကြောများကိုအလျင်စလိုဖုံးကွယ်လိုက်ပေမဲ့ လင်ခုံးလုကနာကျင်စွာမျက်စိမှိတ်ထားလိုက်ပြီပင်။

သူ့ရှေ့ကလူမှာသူ့တပည့်တဖြစ်လဲမိစ္ဆာအရှင်ဖြစ်သည်။ တစ်ဖက်လူကသူ့ကိုယ်ထဲမှာကူကောင်ထည့်ခဲ့ပြီး သူ့ကိုမီးပြင်းဖိုဆေးလုံးကျွေးကာ လိမ်မာချင်ယောင်ဆောင်ပြီး သူ့ကိုချော့မြူကာ သူ့ကိုသဘောကျသည်ဟုပြောခဲ့သည်....

ဆေးအရှိန်ထလာပြီး မီးပြင်းဖိုခန္ဓာကိုယ်ပေါက်ကွဲထွက်လာကာ ကျောပြင်မှာပူလောင်လို့နေပေမဲ့ စိတ်ကတော့အလွန်အမင်းရှင်းလင်းလျက်ရှိသည်။

မိစ္ဆာသွေးကြောကိုထိကြည့်ခဲ့သည့်လက်မှာပြန်ရုတ်ဖို့ခွန်အားမဲ့လျက်။ သူနာကျင်မှုနှင့်နှိပ်စက်ညှင်းပန်းမှုကိုဖိနှိပ်ကာ အေးစက်စက်အသံကိုအတတ်နိုင်ဆုံးကြိုးစားထိန်းပြီး ခပ်ဖွဖွပြောလိုက်သည်။
"မင်းသွားလိုက်တော့။"

သူ့မျက်နှာထားမှာစိတ်လျှော့လိုက်ပုံရတာကိုရှဲ့ကျင်းဟုန်မြင်လိုက်ရသဖြင့် သူ့နှလုံးသားရုတ်ခြည်းနာကျင်သွားရသည်။ ရှစ်စွင်းသူ့ကိုမုန်းတီးပြီးသူ့ကိုဒေါသထွက်မှာကိုသူမကြောက်ပေမဲ့ တစ်ဖက်လူအခုကစပြီးသူ့ကိုမထူးခြားမခြားနားဆက်ဆံကာသူ့ကိုလျစ်လျူရှုပြီး သူ့ကိုကြည့်လာချိန်ရင်ထဲမှာလှိုင်းမထန်သွားမှာကိုသူကြောက်သည်။

သူတစ်ဖက်လူ၏ပြန်ရုတ်ဖို့ပြင်နေသည့်လက်ကိုအလိုလိုလှမ်းဆွဲကာ သူ့လက်ချောင်းထိပ်များကိုအသာအယာနမ်းရှိုက်လိုက်မိပြီး တုန်ရီနေသောအသံဖြင့်ဆိုမိသည်။
"ရှစ်စွင်းကျွန်တော့်ကိုချစ်နေတုန်းပဲ၊ အခုကဒေါသထွက်နေလို့မလား။"

လင်ခုံးလုမျက်စိမှိတ်ကာအဖြေမပေးဘဲခက်ခက်ခဲခဲဖိနှိပ်ထားရသည်။

ရှဲ့ကျင်းဟုန်မနေနိုင်ဘဲသူ့ကိုခပ်တင်းတင်းပွေ့ဖက်ကာ ကိုယ့်ကိုယ်ကိုလှည့်စားသောအမူအရာဖြင့်ပြောမိသည်။
"ရှစ်စွင်းကျွန်တော့်ကိုချစ်ပါတယ်။ ကူကောင်သားအမိမှာစိတ်ချင်းဆက်သွယ်မှုရှိတယ်၊ ကျွန်တော်ခံစားလို့ရ..."

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now