[၁၃၃] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.4K 651 14
                                    

!unicode!

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၅)။

လင်ခုံးလု၏အသက်ရှူနှုန်းမသိမသာမတည်မငြိမ်ဖြစ်လာပြီး သူမသက်မသာဖြစ်မှုကိုဖိနှိပ်ထားလိုက်သည်။ လှုပ်ရှားမှုတချို့အပြီးမှာ သွေးထွက်လာပြီး ဆေးအရှိန်မှာပို၍ပင်ဆိုးသွားသည်။ သူ၏အေးစက်စက်မျက်နှာခပ်ပါးပါးနီစွေးလာပြီး နားထင်မှချွေးတစ်စက်ကမေးစေ့ပေါ်စီးကျလာပြီးနောက် ရှဲ့ကျင်းဟုန်၏ဝတ်ရုံနက်ကိုပေါ်ကျသွားသည်။

သူခွန်အားအနည်းငယ်ကုန်ဆုံးသွားပုံရကာ သူကြာပွတ်ကိုဆွဲလိုက်ချိန်မှာရှဲ့ကျင်းဟုန်ကိုယ်ပေါ်ကျသွားလုနီးပါးဖြစ်သွားခဲ့သည်။ သူအံကြိတ်ကာနိုးနိုးကြားကြားနေပြီး တစ်ဖက်လူ၏ဝမ်းဗိုက်အောက်ပိုင်းကိုဒူးတစ်ဖက်နှင့်ဖိချကာ ကြာပွတ်ကိုသူ့လက်များဖြင့်တင်းကြပ်လိုက်ပြန်သည်။

ဤသို့ဖြင့် အားကုန်သက်သာသည်။

ရှဲ့ကျင်းဟုန်ကဗလုံးဗထွေးနှာတစ်ချက်မှုတ်လိုက်ပုံရကာ ခက်ခက်ခဲခဲအသက်ရှူပြီး သူ့မျက်နှာပေါ်မှာခပ်ပါးပါးနီစွေးမှုတဖြည်းဖြည်းချင်းပေါ်လာသည်။ ထို့အပြင် ကြာပွတ်မှာအသုံးမပြုထားသည့်အလားအသစ်စက်စက်ဖြစ်သည်။ နူးညံ့ပျော့ပြောင်းပုံပေါက်ပေမဲ့ မျက်နှာပြင်မှာအနည်းငယ်မာကြောကြမ်းတမ်းသည်။ ပိုမိုတင်းကြပ်လိုက်သောအခါ လည်တိုင်မသိမသာတဆစ်ဆစ်နာကျင်လာသည်။

0687တားမြစ်ရန်အသင့်ပြင်လိုက်ပေမဲ့ ဒီတိုးတက်မှုကိုမြင်သော်ရှော့ခ်ရသွားသည်။
"မင်းသူ့ကိုအချစ်နဲ့လွှမ်းမိုးဖို့ကြိုးစားနေတာလား။"

လင်ခုံးလုသူ့စိတ်ကိုတွန်းအားပေးကာစောဒကတက်မိသည်။
"တပည့်လေးကိုလွှမ်းမိုးဖို့်အချစ်သုံးတာနဲ့ ငါမိစ္ဆာဘုရင်မော့ရွှမ်ကိုရိုက်ပစ်ချင်တာကဘာဆိုင်လို့တုန်း? ပြီးတော့ ဆေးရှိန်ပျောက်အောင်လုပ်နိုင်တဲ့နည်းရှိလား။"

0687စိတ်မကောင်းစွာပြောမိသည်။
"မရှိဘူး။"

ထိုစကားကိုကြားသော်လင်ခုံးလုသွေးအန်ပစ်လိုက်ချင်ပေရာ သူရှဲ့ကျင်းဟုန်ကိုတတ်နိုင်သမျှခက်ထန်စွာစိုက်ကြည့်ရုံသာတတ်နိုင်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now