[၁၁၃] ချမ်းသာကြွယ်ဝသောမိသားစု၏အမွေဆက်ခံသူ။

4.1K 738 29
                                    

!unicode!

စဲ့ရှီးအာမှာလင်ခုံးလုကသွေးကိုသဘောမကျမှန်းသိတာမို့ သူ့နှာခေါင်းကိုအလျင်စလိုဆွဲညှစ်ကာ အခန်းထဲခုန်ဝင်ပြီး ရေချိုးခန်းထဲအ​မြန်ဝင်သွားလိုက်သည်။

ဒါပေမဲ့ရေချိုးခန်းမှာခုနကမှလင်ခုံးလုသုံးထားသဖြင့် အပူနှင့်ရေငွေ့ရှိနေတုန်းပင်။ စဲ့ရှီးအာမှာအနံ့ခံတအားကောင်းသဖြင့် လင်ခုံးလုထံမှကျန်ခဲ့သည့်အငွေ့အသက်ငယ်လေးကိုအလွယ်လေးရလိုက်သည်။ သူစိတ်ကူးကြည့်လို့ပင်ရသည်၊ သိပ်မကြာသေးခင်က တစ်ဖက်လူကဒီရေနွေးငွေ့ဝန်းရံခံထားရပြီး....

သူမနေနိုင်ဘဲပင့်သက်ရှိုက်လိုက်မိပြီး တောရိုင်းထဲမှာတုန်းက သူတောင်ဘေးရှိစမ်းချောင်းဘေးမှာမကြာခဏရပ်ကာ ရေချိုးနေသည့်လူလိမ်လေးကိုစောင့်ကြပ်ပေးခဲ့ရတာကိုသတိရသွားသည်။

တောင်ဘေးရှိစမ်းချောင်းမှာရေချိုးခန်းထက်ပိုကျယ်သဖြင့် သူတစ်ဖက်လူ၏အငွေ့အသက်ကိုမရနိုင်သကဲ့သို့ ရေငွေ့လည်းမရှိပေ။ သူမျက်လုံးထောင့်မှတဆင့်မတော်တဆမြင်ယောင်ကြည့်လိုက်သည်နှင့်.....

အု(ပ်စ်)၊ သွေးပြန်ယိုလာပေရာ သူ့နှာခေါင်းကိုအလျင်စလိုညှစ်လိုက်ရသည်။

"ကောင်းသွားပြီလား။ ငါဆရာဝန်ခေါ်ပေးဖို့လိုသေးလား။"
ထိုစဥ်လင်ခုံးလုအပြင်ကမေးလိုက်သည်။

"မ မလိုဘူး၊ သွေးတိတ်သွားပြီ။" စဲ့ရှီးအာအနည်းငယ်ပျာယာခတ်သွားကာ အလျင်စလိုပြန်ဖြေလိုက်မိပြီး လင်ခုံးလုအထဲဝင်ပြီးသူ၏ရှက်ရွံ့မှုကိုလာကြည့်မှာစိုးလို့ ထပ်ပေါင်းပြောလိုက်သည်။
"ကိုယ်ရေအရင်ချိုးချင်တယ်။"

လင်ခုံးလုသိပ်မတွေးဘဲ အမြန်ထပ်​မေးလိုက်သည်။
"ရေအပူပေးစက်ကအလုပ်လုပ်လား။"

"အင်း။" စဲ့ရှီးအာပြန်​ဖြေလိုက်သည်။

ဒီဟာကပထမဆုံးအကြိမ်မဟုတ်သကဲ့သို့ လူသားများကြားထဲပထမဆုံးရောက်လာခြင်းမဟုတ်ပေရာ သူပုံမှန်ဗဟုသုတများကိုအနည်းနှင့်အများလေ့လာပြီးပြီဖြစ်သည်။ ဖန်ကိုတိုက်မိတာကတော့ ကျွတ်၊ အဲ့ပစ္စည်းကအကြည်ဆိုတော့ သူဒီတိုင်းခဏမေ့သွားရုံပဲ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now