[၁၇၁] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.6K 552 12
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁၄)။

ပြန်ပေးဆွဲခံရတယ်? စိတ်ခွဲ? ဒါကိုကြားသော်လင်ခုံးလုမသိမသာတောင့်တင်းသွားရသည်။

အထက်တန်းတုန်းကပြန်ပေးဆွဲခံရမှုကြောင့်လား? ဒါပေမဲ့အဲ့တုန်းက ဇာတ်ကြောင်း၏လိုအပ်ချက်များအရသူပြန်ပေးဆွဲခံလိုက်ရချိန်မှာသူဖုကျင်စစ်ဘေးကမတော်တဆဖြတ်သွားခဲ့ပြီး သူနှင့်အတူအောင်မြင်စွာပြန်ပေးဆွဲခံခဲ့သည်။ သူတို့ကလေးငါးရက်ကြာ"နာကျင်မှု"ကိုမျှဝေခံစားခဲ့ကြပြီး ဒီအတောအတွင်းမှာသူနှင့်ပတ်သတ်ပြီးမူမမှန်တာတစ်ခုမှမရှိခဲ့ပေ။

သို့သော်အိမ်တော်ထိန်း၏စကားလုံးများကသူ၏သံသယများကိုအတည်ပြုပေးလိုက်သည်ပင်။

"လွန်ခဲ့တဲ့ကိုးနှစ်တုန်းကပဲ။ အဲ့တုန်းကလူကြီးမင်းကအထက်တန်းပဲရှိသေးတယ်။ သူ့အဖိုးရဲ့စီးပွားပြိုင်ဘက်ဆီကပြန်ပေးဆွဲခံခဲ့ရတာလေ။ အဲ့အချိန်အတောအတွင်းမှာ သူအမျိုးမျိုးရိုက်နှက်နှိပ်စက်ညှင်းပန်းခံခဲ့ရတယ်။ သူကအပြစ်မရှိတဲ့အတန်းဖော်လေးတစ်ယောက်ကိုပါဆွဲသွင်းခဲ့မိတယ်။"

လင်ခုံးလု: ...အဲ့အတန်းဖော်လေးကကျွန်တော်လေ။

"အဲ့ဒီပြန်ပေးဆွဲခံရချိန်အတောအတွင်းမှာ လူကြီးမင်းကရူးသွားတဲ့အခြေအနေထိနှိ​ပ်စက်ခံခဲ့ရပြီးတော့စိတ်ခွဲနှစ်ခုရှိလာခဲ့တယ်။ နှစ်ခုလုံးကသူတို့နာမည်ဟာဖုလင်ရှလို့ပဲပြောတယ်၊ ဖုကျင်စစ်ဆိုတဲ့နာမည်ကိုမမှတ်မိကြသည်။ သူတို့ကအဲ့အကြောင်းနဲ့ပတ်သတ်ပြီးတော့အချင်းချင်းတောင်ငြင်းခုံနေခဲ့ကြတာ။ သူကသူ့ဘယ်လက်နဲ့သူ့ကိုယ်သူထိုးတယ်၊ သူ့ညာလက်နဲ့သူ့ကိုယ်သူပြန်ထိုးနေခဲ့တာလေ...."

အိမ်တော်ထိန်းဒါကိုပြောလိုက်ချိန်မှာ သူ့မျက်လုံးများနီရဲသွားချေသည်။

လင်ခုံးလု: ....ခန္ဓာကိုယ်တစ်ခုထဲမှာရှိနေတုန်းအတွင်းပိုင်းမှာတိုက်ခိုက်နေကြတာလား။ ပြီးတော့ဖုလင်ရှဆိုတဲ့နာမည်....နည်းနည်းရင်းနှီးနေသလိုပဲ။

"အတန်းဖော်လေးကသူ့ချစ်သူကောင်လေးဖြစ်ပြီးတော့သူနဲ့တွဲနေတာဆိုပြီးတော့လည်းစိတ်ကူးယဥ်ခဲ့သေးတယ်၊ ဒါပေမဲ့အမှန်တော့သူကဖြတ်သွားချိန်မှာအပြစ်မရှိဘဲဆွဲသွင်းခံလိုက်ရတာလေ။ သူပြန်ပေးမဆွဲခံရခင်တုန်းကသူတို့နှစ်ယောက်လုံးဝမသိခဲ့ဘူး။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now