[၁၆၁] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

3.2K 616 25
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၃)။

လင်ခုံးလုရုတ်ခြည်းတောင့်ခဲသွားရပြီး သူ့မျက်နှာထားမှာသရဲမြင်လိုက်ရသည့်ပမာ။

ရေထဲရှိအရာမှာပိုမိုရဲတင်းသထက်ရဲတင်းလာသည်။ အစက၎င်းကရေကူးနေသည့်ငါးတစ်ကောင်ပမာသူ၏ခြေချောင်းနှင့်ခြေသလုံးကိုထိရုံထိပေမဲ့ နောက်တော့နည်းနည်းချင်းစီအပေါ်တက်လာပြီး ဒူးဆစ်ဆီရောက်လာကာ ထို့နောက်....

လင်ခုံးလုနောက်ဆုံးမှာသည်းမခံနိုင်တော့ဘဲ ဗြုန်းခနဲထရပ်လိုက်မိပြီး သူရေချိုးကန်ထဲကအထိတ်တလန့်ထွက်ကာ သူ့ဘေးကရေချိုးဝတ်ရုံကိုခပ်မြန်မြန်လှမ်းဆွဲပြီး သူ့ကိုယ်ပေါ်မှာခပ်တင်းတင်းပတ်ထားလိုက်မိသည်။

ဒါဘာကြီးတုန်း?

သူအလွန်စိတ်လှုပ်ရှားနေမိသဖြင့် တစ်အောင့်ကြာပြီးမှသာရေချိုးကန်ကိုထပ်ကြည့်ရဲခဲ့ပေမဲ့ ရေမှာကြည်ရှင်းနေပြီးရေထဲမှာတစ်ခုခုရှိနေပုံမပေါ်ပေ။

ဒါပေမဲ့ခုနကဟာကထင်ယောင်ထင်မှားမဖြစ်နိုင်။

ထားလိုက်တော့၊ အဆုံးမှာတော့သူဟာကမ္ဘာပေါင်းများစွာကိုကူးပြောင်းဝင်ရောက်ကာ ဝိညာဥ်နှင့်သဘာဝလွန်အရာများကိုကြုံတွေ့ခဲ့ဖူးသည်ပင်။ ဘာမှကြောက်စရာမရှိ။

ဒါကိုတွေးမိတော့သူအံကြိတ်မိကာလက်ဆန့်ပြီး ရေကိုမဝံ့မရဲထိကြည့်လိုက်မိသည်။

မြူမှာရေချိုးနေသည့်လူတစ်ယောက်ပမာရေထဲတွင်တစ်ဝက်နှစ်လို့နေသည်။ ထိုစဥ်လက်တစ်ဖက်ဖြည်းညှင်းစွာဖြစ်တည်လာပုံမှာ ရေကိုမွှေနှောက်နေသည့်ဖြူဖွေးသောလက်ချောင်းများကိုဆုပ်ကိုင်ဖို့ရန်အလား။

မြူမှာပိုမိုနက်မှောင်သထက်နက်မှောင်လာပြီး ပထမဆုံးပေါ်လာတုန်းကထက်မီးခိုးရောင်ပိုသန်းနေပုံမှာ ဒီအချိန်၌ဖုကျင်စစ်၏စိတ်အခြေအနေအလား။

ဒါကသူ့ဇနီး။ သူ့ခြေချောင်းကနေဆံပင်ထိ တစ်လက်မစီတိုင်းကသူ့အပိုင်ပဲဖြစ်သင့်တာ။ ဘာလို့အခြားတစ်ယောက်ကိုပေးရမှာလဲ။ သူသေသွားရင်တောင်သူ့ရင်ခွင်ထဲမှာအကျဥ်းချထားမှာ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now