[၁၆၀] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

3.3K 640 8
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၂)။

လင်ခုံးလုနှင့်ရှယွိချန်တို့တစ်ချိန်တည်းကျောချမ်းသွားရပုံမှာ အေးစက်စက်လေပြင်းကဆောင်းရာသီမှာမိုးနှင့်နှင်းပိုဆောင်ကျဥ်းလာသည့်ပမာ။ သို့သော်အခုချိန်ကဆောင်းဦးရာသီစတင်ရုံသာရှိသေးမှန်းရှင်းနေပြီး အပြင်မှာခပ်ဖွဖွမိုးဖွဲများသာရှိလေသည်။ မိုးသက်လေပြင်းအရိပ်အ​ယောင်စိုးစဥ်းမျှမရှိ၊ လေပင်တိုက်ပုံမရ။

လင်ခုံးလုရင်ထဲမှာထူးဆန်းသောခံစားချက်တစ်ဖန်ဖြစ်ပေါ်လာရပေမဲ့ သူ့လက်ကိုရှယွိချန်ကကိုင်ထားဆဲမို့ သူထိုအကြောင်းတွေးရန်အချိန်မရှိဘဲ ခပ်မြန်မြန်လက်ပြန်ရုတ်လိုက်သည်။

ရှယွီချန်မှာထူးဆန်းသောလေကိုတွေးနေပြီးအနည်းငယ်အေးသည်ဟုခံစားလိုက်ရသည်။ ထို့အပြင်တံခါးဝမှာရပ်ပြီးသူနှင့်လင်ခုံးလုကြားကဖြစ်ပျက်ခဲ့သည့်အရာကိုပြောဖို့ရန်မသင့်တော်ပေရာ သူလင်ခုံးလုကိုပြောလိုက်မိသည်။
"ရေကလေးတယ်၊ ကျွန်တော်မဒမ့်ကိုကူသယ်ပေးပါ့မယ်။"

သူကထိုသို့ပြောပြီး သန်မာသောခွန်အားရှိသည့်သူ့လက်မောင်းများဖြင့် ရေပုံးကြီးနှစ်ပုံးကိုကောက်သယ်ကာ အခန်းထဲလျှောက်ဝင်သွားလိုက်သည်။ တစ်ပုံးကရေအေးဖြစ်ပြီးတစ်ပုံးကရေပူဖြစ်သည်။ ဘယ်သူမှမမြင်သည့်နေရာမှာ မြူပမာပုံရိပ်တစ်ခုကအခန်းထဲလွင့်မျောဝင်လာသည်။

အခန်းထဲကသူတို့နှစ်ယောက်မှာတော့ရေပူ၏အပူကိုသာမြင်နေရသဖြင့် မူမမှန်တာဘာကိုမှသတိမထားမိ။

ရှယွိချန်ကရေပုံးကိုအခန်းထဲသယ်လာပြီးနောက် လင်ခုံးလု၏ခရီးဆောင်အိတ်ထဲမှခေါက်လို့ရသောရေချိုးကန်ကိုကျွမ်းကျင်စွာရှာထုတ်ကာ သူ့ကိုယ်စားဖြန့်ပေးပြီး ရေပုံးကြီးနှစ်ပုံးကိုထိုထဲလောင်ထည့်ကာ အပူချိန်ကိုညှိလိုက်သည်။

သူကားကိုယ်ရေးကိုယ်တာဒရိုင်ဘာဖြစ်ရန်ထိုက်တန်သည်ဟုပြောလို့ရသည်။ သူကဒီခရီးဆောင်အိတ်များကိုလင်ခုံးလုထက်ပိုမိုရင်းနှီးကျွမ်းဝင်လှသည်။

ပတ်ဝန်းကျင်ရှိအပူချိန်မှာတစ်ဖန်ကျဆင်းသွားသယောင်။ ရှယွိချန်တစ်ယောက်သူ့ဘေးမှာအေးစိမ့်မှုကိုခံစားလိုက်ရသည်။ မထင်မှတ်ထားစွာဖြင့်အခန်းထဲမှာလည်းအေးစိမ့်နေသည်။ သူတုံ့ဆိုင်းသွားကာခေါက်ထားသည့်ရေချိုးကန်ထဲကိုရေပူနောက်တစ်ခွက်လောင်းထည့်လိုက်သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now