[၈၆] သူဌေးကြီးနှင့်အစားထိုးခံ။

4.8K 866 18
                                    

!unicode!

လင်ခုံးလုမှာရှက်ရွံ့သောမျက်နှာထားရှိနေလျက် သူ့မှာအဖိုးမကင်းမဲ့ကြောင်းဖော်ပြရန်ခေါင်းအမြန်ခါပြလိုက်မိသည်၊ အဓိကအကြောင်းရင်းကတော့ သက်လတ်ပိုင်းအရွယ်လူကြီးတစ်ယောက်မှာအဖေအပိုရှိလာမှာကိုလောင်လင်သေချာပေါက်လက်ခံမှာမဟုတ်သောကြောင့်ပင်။

ဒါပေမဲ့---

သူဘဏ်ကတ်ကိုတင်းကြပ်စွာဆုပ်ကိုင်ကာ ရိုးသားစစ်မှန်စွာအကြုံပြုလိုက်သည်။
"အဖိုးထပ်မစဥ်းစားတော့ဘူးလား။ နောက်တစ်သန်းထပ်ထည့်လိုက်ရင်ကောဘယ်လိုလဲ၊ ကျွန်တော်ပိုက်ဆံယူပြီးရင်အဖိုးမြေးနားကထွက်သွားမယ်လို့ကတိပေးပါတယ်။"
ဒါပေမဲ့သူကကျွန်တော့်နားကမထွက်သွားနိုင်ဘူး​လေ၊ အဲ့ဒါကနောက်တစ်ကဏ္ဍပေါ့။

"ကျွန်တော်တို့အားလုံးကစီးပွားရေးသမားတွေပဲကို၊ ဒီတော့ပြန်ပေးရမယ်မလား။"
လင်ခုံးလု၏လေသံမှာပုံမှန်မဟုတ်စွာရိုးသားစစ်မှန်လျက်။

ဒါကိုကြားသော် ကုဖိုးဖိုးအူမြူးသွားကာ "ဟေး"ဟုဆို၍
"မင်းတို့တွေအပေးအယူလုပ်တဲ့နေရာမှာတယ်တော်သကိုး၊ ဒါပေမဲ့အခွင့်အရေးကမရှိတော့ဘူးကွဲ့၊ မင်းသိရဲ့လား။ ငါခုနကမင်းကိုတစ်သန်းပေးပေမဲ့ ကံဆိုးချင်တော့မင်းမယူခဲ့ဘူး​လေ။ အခုတော့မင်းသူနဲ့အတူရှိဖို့ဆို တစ်သန်းပေးရမယ်။"

"ကျွန်တော်ကပြန်ပေးရအုံးမှာပေါ့?" လင်ခုံးလုတမင်ရည်ရွယ်ချက်ရှိရှိခါးသက်သောမျက်နှာဖြင့်ပြောလိုက်သည်။

"လူငယ်လေး၊ ဒီလောက်ကြမ်းကြမ်းတမ်းတမ်းမပြောရဘူးလေကွယ်။"
ကုဖိုးဖိုးကစိတ်အားထက်သန်စွာတိုက်တွန်းလာသည်။
"လူနှစ်ယောက်ကဘယ်လိုလုပ်ပိုက်ဆံအတူဖြုန်းလို့ရမှာလဲ။ မင်းသတို့သား၊ သတို့သမီးခန်းဝင်ပစ္စည်းမလိုအပ်ဘူးလား။ ငါ့ကိုယုံ၊ တစ်သန်းကသိပ်မများတာမို့ မင်းမခံစားရပါဘူးကွာ။"

"ဒါပေမဲ့ကျွန်တော်ကတော့တော်တော်လေးစျေးကြီးတယ်လို့ထင်တာပဲ။"
လင်ခုံးလုလေးနက်နေပုံရကာ ကုဖိုးဖိုးကိုင်ထားသည့်ဘဏ်ကတ်ကိုဆောင့်ဆွဲပြီး အကြုံပြုလိုက်သည်။
"အဖိုးကျွန်တော့်ကိုဘာလို့ကတ်မပေးလိုက်တာလဲဗျ?"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now