[၁၃ဝ] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

4.4K 650 15
                                    

!unicode!

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၂)။

"ရှစ်တိ။" လျိုရှီးယွီ၏အသံကသူ့အတွေးကိုဖြတ်တောက်ကာ သိမ်မွေ့သောအပြုံးတစ်ပွင့်ဖြင့်ဆိုလာသည်။
"တံခါးပိတ်ကျင့်ကြံပြီးထွက်လာတဲ့အတွက်ဂုဏ်ပြုပါတယ်ကွာ။ မင်းဘယ်သွားမလို့လဲ။"

"ရှီကျန်းရွာ။" လင်ခုံးလုခေါင်းအသာငြိမ့်ကာ ဘာမှမကွယ်ဝှက်ဘဲပြောလိုက်သည်။

တစ်ဖက်လူကဒီကိုဆေးလုံးလာပို့တာမှန်းသူ့ခန့်မှန်းမိသည်။

"အဲ့လိုလား၊ မင်းရှဲ့ကျင်းဟုန်ရှစ်ကျီကိုထပ်ပြီးစိတ်ပူနေပြန်ပြီလား။"
လျိုရှီးယွီ၏အပြုံးမှာပြောင်းလဲသွားခြင်းမရှိဘဲ သူ၏အပြုံးပုံရိပ်ကိုလူတိုင်းထံမှာအမြဲသုံးလေ့ရှိသည်ပင်။ နောက်တစ်ခဏမှာ သူကချင်းကွမ်အိတ်ထဲကဆေးလုံးပုလင်းနှစ်ပုလင်းထုတ်လိုက်သည်။ (*ရှစ်ကျီ= ဂိုဏ်းတူတူလေး*)

"ဒါကမင်းတံခါးပိတ်မကျင့်ကြံခင်တုန်းကမင်းကိုယ့်ကိုသန့်စင်ဖို့အပ်ထားတဲ့စိတ်ဝိညာဥ်စုဆောင်းတဲ့ဆေးလုံးပဲ။ နောက်ပုလင်းကတော့ကိုယ်မတော်တဆသန့်စင်လိုက်မိတဲ့ကိုးခေါက်ပြန်လည်ရှင်သန်ရေးဆေးလုံးပဲ။ အဆင့်နိမ့်ပေမဲ့လည်း အရေးပေါ်အသက်ကယ်နိုင်တယ်။ ရှစ်တိ၊ မင်းကကျင့်စဥ်မြင့်တယ်ဆိုပေမဲ့ အပြင်မှာခဏခဏလျှောက်သွားတာကမတော်တဆတစ်ခုခုနဲ့ကြုံရင်ကြုံရမှာပဲလေ။ ဒီတော့ဒီဟာကိုအရေးပေါ်လိုအပ်ရင်သုံးဖို့ယူသွားလိုက်နော်။"

သူကရိုးသားစစ်မှန်စွာပြုံးပြီးပြောလာပေမဲ့ ထိုစကားကိုကြားတော့လင်ခုံးလုနှုတ်ဆိတ်နေမိသည်။

သေချာတာပေါ့၊ ဒီအခန်းရောက်လာပြီ၊ ဒါပေမဲ့ရှစ်ရှုန်းကတအားနှိမ့်ချလွန်းနေတာပဲ၊ ဒီဟာကဘယ်လိုလုပ်ပြီးအဆင့်နိမ့်ပြန်လည်ရှင်သန်ခြင်းဆေးလုံးဖြစ်နိုင်မှာလဲ။ ဒီဟာကသိသိသာသာကိုအဆင့်မြင့်မီးပြင်းဖိုဆေးလုံးဖြစ်ပြီး ထိပ်တန်းအဆင့်ထက်တစ်ဆင့်ပိုမြင့်သည်ပင်။ နှစ်တစ်ရာမှာတွေ့ရခဲသဖြင့် ပြောရရင် တကယ့်အဖိုးတန်ဆေးလုံးကြီးဖြစ်ချေသည်။

အရင်ဘဝကလင်ခုံးလုဟာရှဲ့ကျင်းဟုန်အပေါ်မှာရှိသမျှအားအင်အကုန်သုံးခဲ့ပြီး ဇာတ်ကြောင်းကိုသာဂရုစိုက်ခဲ့သည်။ သူလျိုရှီးယွီနှင့်ပတ်သတ်ပြီးတစ်ခုခုမှားနေမှန်းခံစားမိရင်တောင် တစ်ဖက်လူကဇာတ်ကြောင်းကိုသက်ရောက်အောင်မလုပ်လာသရွေ့ သူထိုအကြောင်းအရေးမစိုက်ခဲ့ပေ။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now