[၁၈၃] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.7K 437 10
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၂၆+၂၇)။

လင်ခုံးလုသူ့အနောက်ကအကြည့်ကိုသတိထားမိသွားတော့ သူ့ကိုအလျင်စလိုတွန်းဖယ်လိုက်မိသည်။ သူသူ၏ပူနွေးနေသောမျက်နှာကိုရှက်ရွံ့မှုဖြင့်ပွတ်သပ်လိုက်မိပြီး ချောင်းအသာဟမ့်ကာမေးလိုက်သည်။
"အဲ့...ဖုဝေရှန်ကိုမင်းဘယ်လိုရှင်းမှာလဲ။"

ဖုကျင်စစ်ကထိုမသိမိုက်မဲသောလူများကိုဗလာကျင်းစွာကြည့်ကာမေးလိုက်သည်။
"ခင်ဗျားတို့သဘာဝလွန်အဖွဲ့အစည်းရဲ့စည်းမျဥ်းတွေအရဆို ဖုဝေရှန်ကိုဘယ်လိုကိုင်တွယ်မှာလဲ။"

ဝေ့တောက်ချန်တစ်ယောက်သူ့CPကိုငမ်းနေတုန်းကပေါ်လာခဲ့သည့်အပြုံးကိုအလျင်စလိုသိမ်းဆည်းကာ ချောင်းအသာဟမ့်ပြီးအလေးအနက်ပြောလိုက်သည်။
"သူကအဖွဲ့အစည်းကအဲ့သစ္စာဖောက်သုံးယောက်နဲ့ပေါင်းပြီးအောက်လမ်းအတတ်နဲ့လူသတ်ခဲ့တဲ့အပြင် အဲ့သုံးယောက်ဆီကနေ အောက်လမ်းပညာကိုတိတ်တခိုးလေ့လာပြီးတော့ ကျင့်ကြံဖို့အတွက်သက်ရှိလူတွေရဲ့အသက်ကိုစုပ်ယူပြီး လူတစ်​ယောက်ထက်ပိုပြီးတော့သတ်ပစ်ခဲ့တယ်။ အဖွဲ့အစည်းအရဆို ဥပဒေကသေဒဏ်ချမှတ်မှာပဲ။"

"ဒါဆိုကျွန်တော်ခင်ဗျားတို့ဆီမှာအပ်ထားလိုက်တော့မယ်။"
ဖုကျင်စစ်ပြောလိုက်သည်။
"သူသေပြီးရင်မီးသဂြိုလ်ပြီးပြာကိုကျဲပစ်လိုက်။"

ဝေ့တောက်ချန်ကအလျင်စလိုခေါင်းငြိမ့်ကာဆိုလာသည်။ "သေချာပေါက်လုပ်ပေးပါ့မယ်။"

လင်ခုံးလုအနည်းငယ်အံ့သြသွားရသည်။ မလာခင်ကဖုကျင်စစ်တစ်ယောက်ဖုဝေရှန်ကိုကိုယ်တိုင်သတ်ပစ်လိမ့်မည်ဟုထင်ထားခဲ့ခြင်းပင်။

ဖုကျင်စစ်ကပြောပြီးနောက်သူ့ကိုလှည့်ကြည့်လိုက်ပြီး အလိုလိုပြုံးမိကာသူ့လက်ကိုဆုပ်ကိုင်ပြီးပြောလိုက်သည်။
"ပြန်ကြစို့။"

သူ၏အပြုံးမှာအမှောင်ထုအရိပ်အယောင်မပါဘဲပေါ့ပါးကာနူးညံ့သိမ်မွေ့လို့နေသည်။ လင်ခုံးလုမျက်စိကျိန်းသွားရပြီး သူမည်းမှောင်ကာအေးစက်မနေတော့မှန်းမြင်လိုက်ရတော့ သူမနေနိုင်ဘဲပြုံးလိုက်မိပြီးနူးညံ့စွာပြောလိုက်သည်။ "ကောင်းပြီလေ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now