[၁၃၉] အကြင်နာမဲ့ရက်စက်သောရှစ်စွင်း။

3.3K 669 9
                                    

Arc(7) အကြင်နာမဲ့ရက်စက်သောရှစ်စွင်း (၁၁)။

လျိုရှီးယွီအပေါ်အပြစ်ပုံချလိုက်မိတဲ့ကိစ္စကိုပြောရရင် လင်ခုံးလုလုံးဝအပြစ်ရှိစိတ်မဖြစ်မိပေ။

သူဆေးလုံးထဲရှိထပ်ဖြည့်ထားသောပါဝင်ပစ္စည်းအကြောင်းအစကတကယ်မသိခဲ့ပေ။ အရင်ဘဝကမီးပြင်းဖိုဆေးလုံးကိုကိုးခေါက်ပြန်လည်ရှင်သန်ခြင်းဆေးလုံးဟုရလာပြီးနောက်ပိုင်းမှသာသူသိလိုက်ရပေမဲ့ ထိုအချိန်မှာသူ့တာဝန်ပြီးခါနီးနေပြီပင်။

ဒီတော့အိုးက၁၀၀ရာခိုင်နှုန်းဆို သူက၃၀ရာခိုင်နှုန်းပဲယူပြီးတော့ ခွေးစာရေးဆရာနှင့်လျိုရှီးယွီက၇၀ရာခိုင်နှုန်းယူဖို့လိုအပ်...မဟုတ်သေးဘူး၊ သူက၂၀ရာခိုင်နှုန်းပဲယူသင့်တာ။ ယူတာအရမ်းများသွားရင် ရှဲ့ကျင်းဟုန်သူ့ကိုအမှုန့်ချေပစ်လိမ့်မည်ပင်။

လင်ခုံးလုစောင်ကိုတင်းတင်းပတ်ပြီး စဥ်းစားနေရင်းအိပ်ပျော်သွားသည်။

သူ့ဘက်မှာတော့ကောင်းကောင်းအိပ်ပျော်နေပေမဲ့ ရှဲ့ကျင်းဟုန်ဘက်မှာတော့အိပ်မရပေ။

မိစ္ဆာစွမ်းအင်အလစ်သုတ်လာသည့်ဆေးကြွင်းဆေးကျန်များကိုမြင်လိုက်ရတော့ ရှဲ့ကျင်းဟုန်၏မျက်နှာလေးနက်သွားရကာ သူလက်မြှောက်ပြီးလက်တစ်ဆုပ်ယူကာ သူ့နှာဖျားကိုကပ်ပြီးအသာရှူကြည့်လိုက်သည်။

သေချာတာပေါ့၊ အလယ်လတ်ဆင့်မီးပြင်းဖိုဆေးလုံးဖြစ်ပြီး စိတ်ဝိညာဥ်စုဆောင်းဆေးလုံးမှာလည်း ပါဝင်ပစ္စည်းများထပ်ထည့်ထားသည်။ သူနေ့ခင်းတုန်းကလျိုရှီးယွီသူ့ကိုပေးသွားသည့်စိတ်ဝိညာဥ်စုဆောင်းဆေးလုံးပုလင်းကိုထုတ်ပြီး တစ်လုံးချင်းစီစစ်ကြည့်လိုက်တော့ ရလဒ်မှာအကုန်ပုံမှန်​ဖြစ်သည်။

ရှဲ့ကျင်းဟုန်၏မျက်နှာထားတဖြည်းဖြည်းချင်းမှောင်မည်းလာရသည်။ ဒီအ​ခြေအနေအတွက်အကြောင်းရင်းနှစ်ချက်ရှိသည်။ တစ်ချက်ကသူ့လျို့ဝှက်ချက်ပေါ်သွားခြင်း။ နောက်တစ်ချက်ကရှစ်စွင်းကသူ့သရုပ်မှန်ကိုသိသွားပြီးသူဆေးကိုစစ်ဆေးမယ်မှန်းသိလို့ လျိုရှီးယွီပေးသွားသည့်ဆေးပုလင်းနှစ်ပုလင်းကိုအစားထိုးကာ ဖြစ်ရပ်များနောက်ကွယ်မှာလျိုရှီးယွီရှိသည်ဟုသူ့ကိုမှားတွေးစေပြီး သူ့ကိုယ်သူအပြစ်ဆေးကြောလိုက်ခြင်းပင်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now