[၁၈၂] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.7K 455 15
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၂၅)။

ဖုကျင်စစ်၏မျက်နှာထားပိုမိုဆိုးဝါးလာတာမြင်တော့ လင်ခုံးလုအလျင်စလိုလက်ညိုးလေးဆန့်ထုတ်ကာသူ့ရင်ဘတ်ကိုလီမ်းတို့ပြီး တီးတိုးပြောလိုက်သည်။
"ဦးလေးကျောက်ကိုလုပ်ပါအုံး။"

ဖုကျင်စစ်၏မျက်နှာပိုမည်းသွားရပေမဲ့ သူ့မှာအသိတရားတချို့ရှိပါသေးသည်။ သူသူ့ကိုပွေ့ဖက်ပြီးထိုင်ခုံပေါ်မှာပြန်ထိုင်လိုက်သည်။ သူကတစ္ဆေစွမ်းအင်ကိုသုံးပြီးအိမ်တော်ထိန်းကိုဆေးရုံကုတင်ပေါ်တင်ကာစောင်ခြုံပေးလိုက်သည်။

ဆေးရုံအပြင်မှာ ခုနကအောက်ထပ်ကိုဆင်းလာကြသည့်suitနှင့်ဗလကြီးနှင့်အခြားသူများမှာမထွက်သွားကြပေ။ ဖုယန်ဇစ်ထွက်လာတာမြင်တော့ သူတို့အကုန်လုံးသူ့ကိုဝန်းရံလိုက်ကြသည်။

"ဖူလောင်။"

"လောင်ချန်ပေ့...."

လူအများအပြားကစိတ်အားထက်သန်သောမျက်နှာထားဖြင့်ပြိုင်တူခေါ်လာကြသည်။

ဖူယန်းဇစ်လက်မြှောက်ကာသူတို့ကိုတားလိုက်ပြီး ကြင်နာသောမျက်နှာထားဖြင့်ပြောလိုက်သည်။
"မင်းတို့ဘာပြောမယ်ဆိုတာပင်းတောက်သိတယ်။ ဒါပေမဲ့ဖုလူကြီးမင်းကမင်းတို့ရှင်းလို့ရတဲ့တစ်စုံတစ်ရာမဟုတ်ဘူး၊ သူတကယ့်ကိုဘယ်သူကိုမှထိခိုက်အောင်မလုပ်ခဲ့ဖူးဘူး။ သူ့ကိုသဘာဝလွန်အဖွဲ့အစည်းရဲ့ဆန့်ကျင်ဘက်ကိုတွန်းပို့စရာမလိုပါဘူး။ ရန်သူတစ်ယောက်ပိုတာကမိတ်ဆွေတစ်ယောက်ပိုတာလောက်မကောင်းဘူးလေ။"

ဒါကိုကြားသောလူအများအပြားမှာမိန်းမောသွားကြသည်။ တစ်အောင့်ကြာမှမိန်းမငယ်လေးရှီရှင်းလုကသိချင်စိတ်ဖြစ်စွာမေးလာသည်။
"လောင်ချန်ပေ့ကသူ့ပြိုင်ဘက်မဟုတ်ဘူးလား။"

ဖူယန်းဇစ်ကခေါင်းခါကာသက်ပြင်းချလေသည်။ "မဟုတ်တော့ဘူး။"

ဒါကိုကြားတော့ဘုန်းကြီးကမျက်မှောင်ကြုတ်ကာမေးလာသည်။
"ဖူလောင်ဆိုလိုတာက....သူ့ကိုအရင်ကရှင်းနိုင်စွမ်းရှိခဲ့တယ်ပေါ့?"

"ဒါဆိုဒီတစ္ဆေကိုသိနေတာပေါ့? ဘာလို့စောစောမတားခဲ့တာလဲ။ သူ့ကိုဘာလို့မသတ်ခဲ့တာလဲ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now