[၁၇၄] တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ။

2.8K 508 12
                                    

Arc(8) တစ္ဆေလောင်ကုန်းပြန်မွေးဖွားလာပြီ-(၁၇)။

"သူ့ကိုပြောလိုက်၊ ကိုယ်မသေသေးသရွေ့ သူဘယ်လောက်ပဲတွေးနေပါစေ အကုန်လုံးကထင်ယောင်ထင်မှားပဲဖြစ်လိမ့်မယ်လို့။"
ဖုကျင်စစ်ကလင်ခုံးနားထဲမှာတီးတိုးဆိုလာပြန်သည်။

လင်ခုံးလုကူကယ်ရာမဲ့စွာတွေးလိုက်မိသည်: မင်းကသေပြီးသားလေ။

ဖုကျင်စစ်ကအခုပဲဒါကိုတွေးမိသွားပုံကာစကားပြောင်းလိုက်သည်။
"ကိုယ့်ဝိညာဥ်တည်ရှိသေးသရွေ့..."

လင်ခုံးလု: အဲ့လောက်မရူးစမ်းပါနဲ့ကွာ။

သူတုန်သွားကာအလိုလိုလည်ပင်းကျုံ့လိုက်ပေမဲ့ဘာမှမပြောလိုက်ပေ။

ဖုကျင်စစ်ကသူသူ့ဆီကပုန်းနေမှန်းမြင်လိုက်ရတော့ သူ့မျက်နှာထားရုတ်ခြည်းပို၍ပင်ဆိုးဝါးသွားကာ သူကသြရှရှအသံဖြင့်ဆိုလိုက်သည်။
"မင်းကိုယ့်ကိုကြောက်နေတာလား။"

လင်ခုံးလု: မင်းငါ့ကိုနေ့တိုင်းခြောက်နေတာကို ငါမကြောက်ဘဲနေမလားဟ?

သူကားတံခါးဆီမသိမသာကျုံ့သွားကာ သူနှင့်ဝေးဝေးနေရန်ကြိုးစားလိုက်သည်။

"တင်၊ မကောင်းတဲ့စိတ်တန်ဖိုး၅။"

လင်ခုံးလု: "....."

သူရုတ်ခြည်းရှယွိချန်ကိုပြောလိုက်သည်။
"ရှရှ၊ ခဏရပ်ပါအုံး။"

ရှယွိချန်အခုပဲနောက်ကြည့်မှန်တဆင့် သူ၏ကျုံ့ဝင်သွားပုံကိုမြင်လိုက်ရတော့ ဖုကျင်စစ်လည်းကားထဲမှာရှိနေလောက်မည်ဟုထင်မိသဖြင့် ကားစတီယာရင်ပေါ်ကလက်များကိုအလိုလိုတင်းကြပ်လိုက်မိစဥ် ရုတ်တရက်"ရှရှ"ဟူသောအခေါ်ကိုကြားလိုက်ရသည်။ သူမိန်းမောသွားကာသူ့နားရွက်များထုံကျင်သွားရသည်။

"ဟုတ်ပြီ။" သူ့အသံမှာအက်ရှနေပြီး သူခပ်မြန်မြန်ပင်လမ်းဘေးကကားပါကင်ထိုးသည့်နေရာလွတ်မှာကားကိုရပ်လိုက်သည်။

လင်ခုံးလုကားထဲကအမြန်ထွက်ကာ အရှေ့ကိုသွားပြီး  အရှေ့ကတံခါးကိုဖွင့်ကာခရီးသည်ထိုင်ခုံမှာဝင်ထိုင်လိုက်သည်။

ရှယွိချန်သူ့ကိုဗလာစိုက်ကြည့်နေတာမြင်​တော့ သူတစ်ဖက်လူကိုနူးညံ့စွာပြုံးပြကာပြောလိုက်သည်။
"ငါမင်းနဲ့အနီးကပ်ထိုင်ချင်လို့လေ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-1 ]Where stories live. Discover now