CH-135 (End of Main Story)

6.3K 423 31
                                    

အခန်း ၁၃၅ နိဂုံး

အဋ္ဌမလ နှောင်းပိုင်းတွင်၊ တော်ဝင်စစ်တပ်သည် ကျိုးဝမ် နှင့် ချီဝမ် ကို တိုက်ခိုက်ရာတွင် လုံး၀အောင်ပွဲရခဲ့သည်ဟု စစ်မျက်နှာမှ သတင်းထွက်လာသည်။ သို့ရာတွင် ဘုရင်မင်းမြတ်သည် စစ်ဆင်‌‌ရေးမှ ပြန်လာစဉ်တွင် လျှို့ဝှက်မြှားဖြင့် ပစ်ခံရပြီး နာမကျန်းဖြစ်ခဲ့သည်။

ဘုရင်မင်းမြတ် ဒဏ်ရာရသွားသဖြင့် စစ်တပ်သည် သဘာဝအတိုင်း ရှေ့မတိုးနိုင်ပေ။ ယခု ဘုရင်မင်းမြတ်အား ကုသပေးမည့် သမားတော်ကို စိုးရိမ်တကြီး စောင့်ရင်း စစ်သည်တစ်သိန်းသည် လမ်းခုလတ်တွင် တပ်စွဲထားသည်။

ကျင်းလင်တွင် ထိုသတင်းကြားပြီးနောက် တရားရုံးတွင် ချက်ချင်း ရုတ်ရုတ်သဲသဲ ဖြစ်သွားသည်။ ထန်ရှီးရှီးက ထိုသတင်းကိုကြားလိုက်သောအခါ သူမ၏နှလုံးသည် အေးခဲသွားသည်။

ကျောက်ချန်ကျွင်းက စောင့်နေဖို့ ပြောသွားတာမဟုတ်လား သူဘာလို့ မြှားမှန်ခံရတာလဲ။ ရေးထားသောအဆုံးသတ်ကို အမှန်တကယ်ပြောင်းလဲရန် နည်းလမ်းမရှိဘူးလား။

ထန်ရှီးရှီးက အချိန်အတော်ကြာ ထိုင်နေပြီး သတင်းကို မယုံနိုင်ဖြစ်နေသည်။ သူက သူမအနားမှာ တစ်သက်လုံး နေမယ်လို့ ကတိပေးခဲ့သည်။ သူ့ကတိကိုဖျက်ဖို့ ဘယ်လောက်ကြာခဲ့ပြီလဲ။

ထန်ရှီးရှီး၏ မျက်နှာသည် မမှန်သည်ကို မြင်တော့ တုကျင်းသည် ထိတ်လန့်သွားပြီး "မယ်မယ်... ဘုရင်မင်းမြတ်က အမြဲတမ်း အင်အားကောင်းပါတယ်... အဲ့တာအပြင် စစ်တပ်မှာ တော်ဝင်သမားတွေ ရှိနေတော့ ဘုရင်မင်းမြတ်က မုချ ဘေးကင်းစွာ ပြန်လာမှာပါ.. အရှင်မင်းမြတ်က မြင့်မြတ်သူပါ... မယ်မယ်၊ သိပ်စိတ်မပူပါနဲ့... မယ်မယ်ဗိုက်ထဲမှာ ကလေးတစ်ယောက်ရှိသေးတယ်... မယ်မယ့်ကျန်းမာရေးကို ဂရုစိုက်ရမယ်!"

ကျောက်ချန်ကျွင်းက ကျန်းမာရေးကောင်းမွန်နေပြီး သေးငယ်သောဒဏ်ရာမှ သေချာပေါက် လွတ်မြောက်နိုင်သည်ဟု ထန်ရှီးရှီးက ခံစားခဲ့ရသည်။ ဒါပေမယ့် ဒီအချိန်က မတူဘူး။

ကျောက်ချန်ကျွင်း အတွက် အထူးအံဝင်ခွင်ကျဖြစ်သော အဆုံးသတ်တစ်ခုဖြစ်သည်။ ကောင်းကင် သူ့ကိုသတ်ချင်နေပြီး ကျောက်ဇီရှင်းအတွက် လမ်းရှင်းပေးချင်ပုံပါပဲ။ ထန်ရှီးရှီးရုတ်တရက် စိတ်လှုပ်ရှားသွားပြီး မတ်တပ်ရပ်လိုက်ပြီး " ရှီဇီ ဘယ်မှာလဲ ? ကျောက်ဇီရှင်း ဘယ်မှာလဲ"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now