Extra-5

2.8K 263 1
                                    

(အချပ်ပို-၅) အခန်း ၁၄၀ - ယခင်ဘဝ ၃

ထန်ရှီးရှီးက ပါးစပ်ပိတ်နေပြီး သူမ နာမည်ကို မပြောခဲ့ဘူး။ ကျောက်ချန်ကျွင်းက သူမ၏ နာမည်ကို မပြောလိုကြောင်း သိလိုက်ရပြီး မကြာမီပင် သူမကို စိတ်ဝင်စားမှု ပျောက်ဆုံးသွားခဲ့သည်။

ထန်ရှီးရှီးသည် ထောင့်တွင် ငြိမ်သက်စွာ ထိုင်နေသည်။ ကျောက်ချန်ကျွင်းကို တခေါက်ပြီး တခေါက်ချောင်းကြည့်ရုံမှတပါး သူမ ဘာမှ မတတ်နိုင်ပါ။

ထန်ရှီးရှီး၏ မှတ်ဉာဏ်တွင် ကျင့်ဝမ်သည် အမြဲတမ်း အေးစက်ခြင်း၊ မြင့်မြတ်ခြင်းများနှင့် ရပ်ရည်ချောမောအရပ်ရှည်ပြီး အစွမ်းထက်သည်။ သူရပ်နေသည့်နေရာတိုင်းတွင် ထန်ရှီးရှီးကို လုံးလုံးလျားလျား မျှော်ငေးနေအောင် စွမ်းဆောင်နိုင်ခဲ့သည်။ ကျင့်ဝမ်စံအိမ်တွင် သူပေါ်လာတိုင်း အမျိုးသမီးများသည် စကားပြောရန်ပင် အလွန်ကြောက်ကြသည်။ ထန်ရှီးရှီးသည် ကျောက်ချန်ကျွင်း၏ အိပ်ရာ ပေါ်သို့ တက်သွားသော အလှလေးတယောက်ကို သူ သတ်ပစ်လိုက်သည်ကို သူမမျက်လုံးများဖြင့် မြင်ဖူးသည်။ ထို့ကြောင့် သူမသည် သူ့ကို ပိုကြောက်လာသည်။ ကျင့်ဝမ်ရဲ့ အာရုံကို ဆွဲဆောင်မိသလိုဖြစ်မှာကြောက်လို့ သူ့ကို တွေ့တိုင်း ခေါင်းကို အတက်နိုင်ဆုံး ငုံ့ထားခဲ့သည်။

အရင်ဘဝတွင် သူမ သူ့အပေါ်ထားခဲ့သော ခံစားချက်သည် နက်နဲလွန်းပြီး ယခု ထန်ရှီးရှီး သည် ထိုအချိန်က ကြောက်ရွံ့မှုခံစားချက်ကို မှတ်မိနေသေးသည်။ သို့သော်လည်း သူသည် ယခုအချိန်တွင် အသက် ဆယ့်သုံးနှစ်သာရှိသေးပြီး အရပ်ရှည်ပြီး သွယ်လျလှပသောအသွင်အပြင်နှင့် ခန့်ညားနေသည်။ မည်သို့ပင်ဆိုစေကာမူ သူသည် ချောမောပြီး အန္တရာယ်ကင်းသော လူငယ်တစ်ယောက်ဖြစ်တေတုန်းပင်။ ထန်ရှီးရှီး၏ အမြင် သုံးခု* သည် ပြင်းထန်စွာ ရိုက်ခတ်ခဲ့ပြီး သူ့ကိုကြည့်ရသည်မှာ အဆင်မပြေလှပေ။

( အမြင် သုံးမျိုး * – ဗုဒ္ဓဘာသာ၏ အခြေခံသွန်သင်ချက်တစ်ခု)

ကျောက်ချန်ကျွင်းက သူ့ကို သူမ တိတ်တဆိတ်ကြည့်နေတာကို သိပေမယ့် ကံကောင်းစွာပဲ သူမ ငြိမ်နေတော့ ကျောက်ချန်ကျွင်းက သူမကို လွှတ်ထားလိုက်သည်။ ထန်ရှီးရှီးက သူ့ကို ခဏလောက် စောင့်ကြည့်ပြီး တဖြည်းဖြည်း အိပ်ငိုက်လာသည်။ ထိုအခါမှ ထန်ရှီးရှီးသည် သရဲတစ္ဆေများပင် ပင်ပန်းနိုင်သည်ကို သိလိုက်ရသည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now