Ch-56

3.1K 381 10
                                    

အခန်း ၅၆ ကောင်းသောညပါ

ထန်ရှီးရှီး၏ မျက်လုံးများ ပြူးကျယ်သွားသည်။ သူမကိုယ်သူမ လက်ညှိုးထိုးပြပြီး မယုံနိုင်စွာ "ကျွန်မ? ကျိုးရွှင်းဟွာ?"

ကျောက်ချန်ကျွင်းက ပေါ့ပေါ့ပါးပါး ခေါင်းညိတ်လိုက်ပြီး "မှန်တယ် "

ထန်ရှီးရှီး၏ မျက်လုံးများသည် ဘောလုံးကဲ့သို့ ဝိုင်းစက်နေသည်။ သူမက ကျောက်ချန်ကျွင်းကို ကြည့်နေကာ ကျောက်ချန်ကျွင်းက သူမကို တည်ငြိမ်စွာ ပြန်ကြည့်နေသည်။ ထန်ရှီးရှီးက တိတ်တဆိတ် အံကြိတ်နေမိသည်။ သူမနှင့် ကျိုးရွှင်းဟွာ၏ပေါင်းသင်းဆက်ဆံရေးမှာ လျှို့ဝှက်ချက် မဟုတ်ပေ။ ကျောက်ချန်ကျွင်း မသိဘူးလို့ ထန်ရှီးရှီး မယုံပါ။ ဒီလူက ရည်ရွယ်ချက်ရှိရှိ လုပ်ခဲ့တာ သေချာသည်။

ထန်ရှီးရှီးက သူ့ကို အတ္တသမားလို့ ကြိမ်းမောင်းခဲ့ရုံနဲ့ သူက သူမကို သူမ စက်ဆုပ်ရွံရှာတဲ့ ရန်သူနဲ့ တမင်အိပ်ခွင့်ပေးလိုက်သည်။ ဒါပေမယ့် ဒါကို သိနေတော့ရော သူမ ဘာတက်နိုင်မှာလဲ။ ထန်ရှီးရှီး ခေါင်းငုံ့ အံကြိတ်ကာ "ကျေးဇူးတင်ပါတယ် ဝမ်ရယ် "

"မလိုပါဘူး" ကျောက်ချန်ကျွင်းက ပြုံးပြီး ပေါ့ပေါ့ပါးပါး ပြန်ပြောပြောသည် "အိုး... ဒါနဲ့ မနက်ဖြန် မိုးမလင်းခင် ပြန်ထွက်ခွာမှာမို့ မင်းနည်းနည်း စောစောထသင့်တယ်နော်... မင်း အိပ်ယာထနောက်ကျရင် မင်းရဲ့ညီအစ်မနဲ့ တောင်ပေါ်လွင်ပြင်က ကျေးလက်ရှုခင်းတွေကို ခံစားနိုင်တော့မှာ "

ထန်ရှီးရှီး၏ မျက်ခုံးများ လှုပ်ယမ်းကာ ဒေါသကို ထိန်းနေခဲ့သည်။ ကျောက်ချန်ကျွင်း၊ ဒီလူက ဒီလိုမျိုး တကယ်လုပ်နိုင်မယ်လို့ သူမယုံကြည်သည်။

ထန်ရှီးရှီး ဒေါသထွက်ရန် သတ္တိရှိသော်လည်း ပြန်ပြောရန်တော့ သတ္တိမရှိပေ။ သူမက အပြုံးအတုဖြင့် ခေါင်းကိုမော့ကာ ကျောက်ချန်ကျွင်းအား "ဝမ်ရယ်... အရှင်ရဲ့မျက်နှာသာပေးမှုအတွက် ကျေးဇူးတင်ပါတယ်... ဒီကလေးမလေးက အဲ့တာကို နှလုံးသားနဲ့ မှတ်မိနေလိမ့်မယ်... ဝမ်ရယ်ရဲ့ ချောမောလှပတဲ့ ဇနီးချောလေးနဲ့ ကောင်းချီးမင်္ဂလာကို ကြိုပြီး ဂုဏ်ပြုချင်ပါတယ်... ဝမ်ရယ်နဲ့ဝမ်ဖေးတို့ရဲ့ နှစ်တစ်ရာတိုင် ညီညွတ်မဲ့ အိမ်ထောင်ရေးက သာယာပြီး သားသမီးမြေးတွေ အများကြီး ပိုင်ဆိုင်ကြပါစေ"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now