အခန်း ၇၄ အဆိုတင်သွင်း
ထန်ရှီးရှီးက အစပိုင်းတွင် ကျောက်ချန်ကျွင်းကို မျက်နှာကောင်းမပေးရန် စိတ်စွဲမှတ်ထားခဲ့သော်လည်း ကျောက်ချန်ကျွင်းက တာဝန်ခံမှု သို့မဟုတ် အပြန်အလှန်စစ်ဆေးခြင်းများကို မလုပ်ဆောင်ဘဲ စကားစပြောသည်နှင့် သူမအား "တောင်းပန်ပါတယ်" ဟု ပြောကြားခဲ့သည်။ ထန်ရှီးရှီးက အနည်းငယ် အံ့သြသွားပြီး သူမသည် အေးစက်သော မျက်နှာကိုပင် မပြနိုင်တော့ဘဲ "ဝမ်ရယ်က အဆင့်မြင့်အရာရှိတစ်ယောက်အနေနဲ့ အရမ်းကြီးမားတဲ့ ရည်မှန်းချက်ကြီးတွေနဲ့ အလုပ်ရှုပ်နေတာပါ... ဝမ်ရယ်ကို တောင်းပန်စေဖို့ ကျွန်မက ဘယ်လိုတတ်နိုင်မှာလဲ"
ကျောက်ချန်ကျွင်းက သက်ပြင်းအနည်းငယ်ချလိုက်ပြီး "ဘာပဲဖြစ်ဖြစ် ကိုယ် မင်းကို ခွင့်ပြုတယ်... နဂါးလှေပွဲတော်မှာ... အဲဒီနေ့က... တကယ်ကို အလျင်စလိုပါပဲ... မင်း အိပ်ပျော်နေတုန်း... မင်း နိုးလာတာကို ကိုယ် မစောင့်နိုင်ခဲ့ဘူး... ဒါကြောင့် မင်းကို ဂရုစိုက်ဖို့ပဲ လျှိုကျိကို တောင်းဆိုနိုင်တယ်... နောက်ပိုင်းမှာ မင်းကိုကာကွယ်ဖို့ သတင်းကိုလည်း ကိုယ် ပိတ်လိုက်တယ်... မင်း ကိုယ်ဝန်ရှိနေမယ်လို့တော့ ကိုယ် မမျှော်လင့်ထားဘူး"
ဒီကိစ္စက ကျောက်ချန်ကျွင်းရဲ့ အပြစ်ပါ။ သူတပါးရဲ့အခက်အခဲကို အခွင့်ကောင်းယူတာက မြင့်မြတ်သူတွေလုပ်တဲ့ အလုပ်မဟုတ်ပါဘူး။ ထန်ရှီးရှီး နိုးလာချိန်တွင် ကျောက်ချန်ကျွင်းက မရှိတော့ပေ။ သူမ၏အမြင်အရ၊ ၎င်းသည် စွန့်ပယ်မှု၊ တာဝန်မဲ့မှုတို့နှင့် အလွန်ဆင်တူနေသည်။
ထန်ရှီးရှီးက မထိန်းနိုင်တော့ဘဲ ဖျော့ဖျော့လေး ပြုံးလိုက်ပြီး "အခု ဝမ်ရယ် ပြန်လာပြီဆိုတော့ အားလုံးကို ဝမ်ရယ်ကြိုက်သလို ရှင်းပြလို့ရတာ သဘာဝပါပဲ... ဝမ်ရယ်က ကျွန်မတို့ရဲ့ ဆက်ဆံရေးကို လူတွေကို မသိစေချင်သလို ကျွန်မရဲ့ဖြစ်တည်မှုကိုလဲ အခြားသူတွေကို မသိစေချင်ဘူး... ကျွန်မက အားလုံးကို နားလည်ပါတယ်... ဝမ်ရယ်က အရမ်းရှင်းပြနေစရာ မလိုပါဘူး... စကားမစပ်... ကျွန်မ သန္ဓေတားဆေးရည်ကို တစ်စက်ချင်းစီ အကုန်သောက်တယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း ပြောချင်တယ်... ကျွန်မ ဘာကြောင့် ကိုယ်ဝန်ရခဲ့တာလဲဆိုတာကတော့ ဝမ်ရယ်က လျှိုကုန်းကုန်းကို သွားမေးသင့်တယ် "

VOUS LISEZ
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Fiction HistoriqueMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...