(အချပ်ပို -၇) အခန်း ၁၄၂ - ယခင်ဘဝ ၅
အကြီးဆုံးသခင်မလေးသည် သူမအိပ်ပျော်နေစဉ် အိပ်မက်ဆိုးတစ်ခုထဲသို့ ကျရောက်ခဲ့ပြီး ဤအဖြစ်အပျက်က တုန်လှုပ်ချောက်ချားစေသည့်တိုင် ထန်မိသားစု၏ နောက်ဘက်ခြံဝင်းတွင် ဖုံးကွယ်ထားခဲ့သည်။ ထန်မင်ဇယ်သည် စီးပွားရေးနှင့် အလုပ်ရှုပ်နေဆဲဖြစ်ပြီး ကိုယ်လုပ်တော်စုကလဲ မျက်နှာသာရရင် အသိစိတ်ဖြင့် ကြိုးပမ်းနေဆဲဖြစ်သည်။ အိပ်မက်ဆိုးမက်တဲ့ ထန်ရှီးရှီးကို ဘယ်သူမှ ဂရုမစိုက်ခဲ့ဘူး။
သို့သော် လင်းဝမ်ရှီတစ်ယောက်သာ သေသည်အထိ ကြောက်နေခဲ့သည်။ လင်းဝမ်ရှီသည် ထန်ရှီးရှီးကို ပွေ့ဖက်ထားကာ ရက်အတော်ကြာ မေးခွန်းထုတ်ခဲ့ပြီး ညတိုင်း သူမကို စောင့်ရှောက်ခဲ့သည်။ ကံကောင်းထောက်မစွာ၊ အရာအားလုံးက ပုံမှန်ဖြစ်ပြီး အိပ်မက်ဆိုးတွေ ထပ်ပြီး မရှိတော့ဘူး။
ထန်ရှီးရှီးသည် တစ်ခါတစ်ရံတွင် သူမ၏ အိပ်မက်က နက်နဲလွန်းပြီး လက်တွေ့နှင့် ရောထွေးနေသလား၊ သို့မဟုတ် ထိုအရာများသည် လက်တွေ့တွင် အမှန်တကယ် ဖြစ်ခဲ့သလား မသိတော့ပါ။ သူမသည် သူမ၏ယခင်ဘဝအတွေ့အကြုံ၊ သူမ သေဆုံးပုံ၊ လမ်းလွဲကာ တစ္ဆေဖြစ်လာပုံနှင့် ချုံဟွာ နန်းတော်တွင် ခဏတာလှည့်လည်သွားလာပုံကို သတိရပြီး လွန်ခဲ့သော ဆယ်နှစ်ကျော်က လူများနှင့် အရာဝတ္ထုများကို တစ်နည်းနည်းဖြင့် မြင်ခဲ့ရသည်။
သူမသည် အိမ်မက်ထဲတွင် ကျင့်ဝမ်၊ ကောင်းကွေ့ဖေး နှင့် ဧကရီမယ်တော်ကြီးယောင်ကို တွေ့ခဲ့သည်။ ထိုအချိန်တွင် ဧကရီမယ်တော်ကြီးယောင်သည် လူသိမများသေးသော ဧကရီဖြစ်ပြီး နေရာတိုင်းတွင် သတိရှိရှိနေရန် ကြိုးပမ်းအားထုတ်နေခဲ့ရသည်။ သူမသည် အနာဂတ်တွင် ကန့်လန့်ကာနောက်ကွယ်မှ နိုင်ငံရေးကို အုပ်ချုပ်နိုင်သော အထင်ကြီးလောက်သော အသွင်အပြင်မျိုး မရှိခဲ့ပေ။
ထန်ရှီးရှီးကလည်း သူမ အိပ်မက်မက်နေတာပဲလို့ ယုံလုနီးပါးပါပဲ။ သို့သော်လည်း ရက်အနည်းငယ်ကြာပြီးနောက် ထန်ယန်ယန်သည် ထန်ရှီးရှီး၏ ကျောက်စိမ်းလက်ကောက်ကို တမင်တကာ ချိုးဖျက်ပြီး ထန်ရှီးရှီးက သူမကို တွန်းထုတ်သည်ဟု ညည်းတွားကာ မြေပေါ်သို့ လှဲချခဲ့သည်။ ကိုယ်လုပ်တော်စုသည် သဘာဝအတိုင်း ထန်ရှီးရှီးကို ကောင်းကောင်း ပုတ်ခတ်ပြောဆိုခဲ့ပြီး ထန်ရှီးရှီး၏ နှလုံးသည် တဖြည်းဖြည်း အေးခဲလာသည်။ ထိုမှပင် သူမသည် အိပ်မက်မက်နေခဲ့တာမဟုတ်မှန်း လုံးဝသိသွားခဲ့သည်။

أنت تقرأ
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
أدب تاريخيMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...