Ch-52

3.1K 340 9
                                    

အခန်း ၅၂ နှင်းမုန်တိုင်း

ညဘက်တွင် တုကျင်းက လက်ဖက်ရည်ပို့ရန် ရောက်လာသည်။ ထန်ရှီးရှီးက အလင်းရောင်အောက်တွင် ထိုင်ကာ စာအုပ်တစ်အုပ်ကို ကိုင်ဆောင်ထားပြီး စာရေးနေဆဲဖြစ်ကြောင်း သူမတွေ့လိုက်ရသည်။

တုကျင်း လက်ဖက်ရည်ကို ချလိုက်ပြီး မီးခြစ်တစ်လုံးကိုယူကာ စားပွဲဆီသို့သွားကာ မီးဖိုကို မီးညှိလိုက်သည်။ ထို့နောက် သူမက "သခင်မလေးက အရင်က စာအုပ်တွေ ကူးရတာ ငြီးငွေ့တယ်လို့ ပြောခဲ့ပြီး ပြန်လာတဲ့အခါ စာမဖတ်ချင်ဘူးလို့ မကြာခဏ ညည်းညူလေ့ရှိတယ်... ဒီနေ့ သခင်မလေးရဲ့ စိတ်နေစိတ်ထားကို ဘာလို့ ပြောင်းပြီး ဒီလောက်နောက်ကျတဲ့ အထိစာဖတ်နေသေးတာလဲ"

ထန်ရှီးရှီးက စာမျက်နှာတစ်ခုကိုလှန်ရင်း တုကျင်းကို တစ်ချက်ကြည့်လိုက်ပြီး "မင်းလုပ်စရာရှိတာလုပ်... ဒီမှာ လာမရှုပ်နဲ့ "

တုကျင်းက ပြုံးပြီး "အခုမြင်တာက အရင်တုန်းကနဲ့ မတူဘူး... အရင်ကတော့ အခန်းက ငြီးငွေ့စရာလို့ ထင်ပြီး အပျော်သဘောနဲ့ နေနေတာပေါ့.. အခု ဝမ်ရယ်ရဲ့ စာအုပ်ရှိနေပြီဆိုတော့ သဘာဝအတိုင်း မျက်စိကျသွားပြီ... မေးမိတာ အပြစ်ရှိလို့ ချက်ခြင်းထွက်သွားပါ့မယ်"

"စကားကို နဲနဲပဲပြော " ထန်ရှီးရှီးက တုကျင်းကို ရိုက်ချင်ယောင်ဆောင်ကာ စာအုပ်ကို လှန်လိုက်သည်။ တုကျင်းသည် မီးအိမ်ကို ချလိုက်ပြီး ပြုံးကာအမြန်ပြေးသွား လိုက်သည်။ အပြင်ဘက်တွင် အစေခံများထံမှ ရယ်မောသံများ ထွက်ပေါ်လာသည်။ ထန်ရှီးရှီးက သူမတို့ကို ဂရုစိုက်ဖို့ ပျင်းလွန်းသည်။ သူမ စာအုပ်ကို သေသေချာချာ ဖယ်လိုက်ပြီး "အပြင်က ပြတင်းပေါက်တွေကို သေချာပိတ်ထားလေ... ဘယ်ကကို တင်းတင်းကျပ်ကျပ် မပိတ်ထားဘူးလဲ မသိဘူး... စူးကနဲအသံက အနှောက်အယှက်ဖြစ်စေတယ် "

အစေခံတွေက ပြတင်းပေါက်တွေကို အမြန်ကြည့်လိုက်သည်။ ထန်ရှီးရှီးက သစ်သီးတစ်ခြမ်းကိုယူ၍ ပါးစပ်ထဲသို့ထည့်ကာ "ဒီနေ့ဘာလို့ ဒီလောက်လေပြင်းနေတာလဲ"

အိမ်အကူတွေက ပြတင်းပေါက်ကို လုံခြုံအောင်ပိတ်လိုက်သည်။ ထန်ရှီးရှီး ပြောတာကို ကြားတော့ အိမ်အကူတစ်ယောက်က "နှင်းကျတော့မယ်"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now