Description

28K 1K 35
                                    

noti : စာပြင်ပြီး အသစ်ပြန်တင်ထားပါတယ်။ အထူးသဖြင့်  ဇာတ်ကောင်တွေရဲ့ အမည်တွေ နဲနဲပြင်ထားပါတယ်။ 

"နန်းတော်တိုက်ပွဲမှာ ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းပါတယ်"

ထန်ရှီးရှီးက နန်းတွင်းမှာ အလှဆုံးအမျိုးသမီးဖြစ်ပြီး  မာနကြီးကာ မောက်မာပြီး အထက်စီးမှဆက်ဆံပြောဆိုတက်ကာ ကောက်ကျစ်ရန်လိုတက်သည်။ သူမ စာအုပ်တစ်အုပ်ကို မတော်တဆ ဖတ်လိုက်မိပြီးနောက် သူမသည် နန်းတွင်းပြိုင်ဆိုင်မှုများကိုအသားပေးရေးထားသောဝတ္ထုထဲမှ ရက်စက်ကြမ်းကြုတ်သော ဒုတိယအမျိုးသမီးဇာတ်ဆောင်(ဇာတ်ပို့)တစ်ဦးသာဖြစ်ကြောင်း သိလိုက်ရသည်။ နောက်ပိုင်းတွင် သူမက အမျိုးသမီးဇာတ်ဆောင်နှင့် ယှဥ်ပြိုင်ခဲ့ရပြီး  ပျက်စီးသွားကာ နောက်ဆုံးတွင် သနားစရာကောင်းလောက်အောင်ဝမ်းနည်းစွာ သေဆုံးသွားခဲ့ရသည်။

ယခုတော့ သူတို့သည် ကျင့်ဝမ်၏ နယ်မြေထဲသို့ ဝင်ရောက်နေပြီဖြစ်ပြီး အမျိုးသားဇာတ်ဆောင် နှင့် အမျိုးသမီး ဇာတ်ဆောင်၏ ပထမဆုံး တွေ့ဆုံမှုလည်း ဖြစ်မလာသေးပေ။ ထန်ရှီးရှီးရှေ့မှာ လမ်းနှစ်လမ်းရှိတယ်။ ပထမအချက်မှာ အမျိုးသမီးဇာတ်ဆောင်၏ပေါင်ကို တင်းတင်းကြပ်ကြပ်ဆုပ်ကိုင်ထားပြီး အမျိုးသမီးဇာတ်ဆောင်၏အဖွဲ့သို့ စောစောစီးစီး ဝင်ရောက်ရန်၊ ဒုတိယအချက်မှာ အမျိုးသား ဇာတ်ဆောင်ကို နှစ်သက်စေပြီး အမျိုးသမီးဇာတ်ဆောင်၏ မျက်နှာသာရမှုကို ခိုးယူခြင်း ဖြစ်သည်။

ထန်ရှီးရှီးက တတိယနည်းလမ်းကို ရွေးချယ်ခဲ့သည်။

အမျိုးသားဇာတ်ဆောင်၏မွေးစားဖခင် ကျင့်ဝမ်က နိမ့်ကျပုံပေါက်နေသော်လည်း အမှန်တကယ်တွင် သူက အလွန်ရည်မှန်းချက်ကြီးသူဖြစ်ကြောင်း ထန်ရှီးရှီး သိသည်။ မဝေးတော့သော အနာဂတ်တွင် သူက မြို့တော်ကို သိမ်းပိုက်ပြီး ဧကရာဇ်မင်းမြတ်အဖြစ် တော်ဝင်ရုံးတော်တွင် ကြွေးကြော်နိုင်မည်ဖြစ်သည်။သို့သော်လည်း အမျိုးသား ဇာတ်ဆောင်ကို ထီးနန်းမလွှဲအပ်မီ ကွယ်လွန်သွားသည်မှာတော့ သနားစရာပင်။

ယခုနှစ်တွင် ကျင့်ဝမ်က အသက် ၂၄ နှစ်ရှိပြီဖြစ်ပြီး ငယ်ရွယ်နေသေးကာ အိမ်ထောင်မပြုရသေးပေ။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Dove le storie prendono vita. Scoprilo ora