Ch-75

4.9K 444 18
                                    

အခန်း ၇၅ ဖယ်ထုတ်ပါ

ကျောက်ချန်ကျွင်းက ပြန်လှည့်လာပြီး ထန်ရှီးရှီးကို စူးရှသော မျက်လုံးများဖြင့် စိုက်ကြည့်ရင်း "ထန်ရှီးရှီး... ဒါက ဘာလဲ"

ထန်ရှီးရှီးက ကျောက်ချန်ကျွင်းနှင့် မတွေ့တာ ကြာပြီ။ ထို့အပြင် သူသည် သူမ၏တောင်းဆိုမှုတိုင်းကို စိတ်ရှည်ရှည်နှင့် ကြင်နာစွာ တုံ့ပြန်ခဲ့သည်။ ထို့ကြောင့် ထန်ရှီးရှီးက ကျောက်ချန်ကျွင်း၏ ဒေါသက ပြောင်းလဲသွားသည်ဟု ထင်ခဲ့သည်။ ယခုအချိန်မှာတော့ ထိုသို့မဟုတ်ကြောင်း ထန်ရှီးရှီး နားလည်ခဲ့သည်။

သူကတော့ သူပါပဲ။ သူက သူဆန္ဒရှိနေတဲ့ အချိန်တွင်သာ နူးညံ့သိမ်မွေ့ပြီး စာနာတတ်သူဖြစ်သည်။

ထန်ရှီးရှီးက သူမ၏ လက်ချောင်းများကို ထိတ်လန့်စွာ မဆုပ်ထားပဲ မနေနိုင်ဘဲ သူမ၏ မျက်လုံးများ ငြိမ်သက်သွားခဲ့သည်။ ကျောက်ချန်ကျွင်းက သူမအား ဖိနှိပ်ချုပ်ချယ်မှုအပြည့်ဖြင့် စိုက်ကြည့်နေသည်။ ထန်ရှီးရှီးက သူ့အကြည့်များအောက်တွင် အကြာကြီးမထိန်းနိုင်ဘဲ "ကျွန်မ... ပန်းပင်မစိုက်ပါဘူး... အဲ့တော့ ပန်းအိုးထဲမှာ ဘာတွေရှိတယ်ဆိုတာ ကျွန်မ ဘယ်လိုသိနိုင်မလဲ... ပန်းမြေသြဇာဖြစ်မှာပေါ့"

"ပန်း​မြေသြဇာ?" ကျောက်ချန်ကျွင်း ၏ မျက်လုံးများသည် လူများကို ထိတ်လန့်စေနိုင်ပြီး ရေတွင်းရေကန်ကဲ့သို့ နက်မှောင်နေပြီး " Angelica အမြစ်... safflowerနဲ့ ခေါက်ရမ်းပင်ရဲ့ အမြစ်အခေါက်တွေလေ... အဲ့တာတွေအားလုံးက သွေးအားတက်ကြွစေပြီး ကိုယ်ဝန်ဖျက်ချဖို့ လှုံ့ဆော်ပေးနိုင်တဲ့ အာနိသင်ရှိတယ်... ပန်းမြေသြဇာအဖြစ် သုံးလို့ရမှန်း ငါ မသိခဲ့ဘူး"


Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now