Ch-35

3.5K 394 7
                                    

အခန်း ၃၅ သတို့သမီးအခန်း

ဒီနေ့က ပျော်ရွှင်စရာကောင်းတဲ့နေ့ဖြစ်ပေမယ့် ကောင်းကင်မှာ မီးခိုးရောင်တိမ်တိုက်တွေ ဖုံးလွှမ်းနေပြီး အနောက်လေက မြူးနေကာ နှင်းတွေကျနေပုံရသည်။ ကျောက်ချန်ကျွင်းသည် ဆူညံသောပွဲများကို မကြိုက်သောကြောင့် သူကခနပဲနေကာ အပြင်သို့ လေကောင်းလေသန့်ရှူရန် ထွက်လာခဲ့သည်။

ဤဥယျာဉ်ငယ်သည် အတွင်းဝင်းနှင့် အပြင်ဝင်းကို ချိတ်ဆက်ထားပြီး အလယ်တွင် နှစ်ဖက်စလုံးကိုဖြတ်၍ ရှည်လျားသောစင်္ကြံတစ်ခုရှိသည်။ ကျောက်ချန်ကျွင်းသည် စင်္ကြံလူသွားလမ်းပေါ်တွင် ရပ်ကာ ကောင်းကင်ကို မော့ကြည့်လိုက်သည်။

နေရာတိုင်းတွင် အကိုင်းအခက်များနှင့် ဆီးနှင်းအကြွင်းအကျန်များဖြင့် ဆောင်းရာသီရှုခင်းသည် အမြဲအုံ့မှိုင်းနေပြီး မှုန်ဝါးနေသည်။ ကျောက်ချန်ကျွင်း ရဲ့နောက်မှာရပ်နေတဲ့ လျှိကျိက " ဝမ်ရယ်... အပြင်မှာလေပြင်းတယ်... ကျေးဇူးပြုပြီး အရှင့်ခန္ဓာကိုယ်ကို ဂရုစိုက်ပါ "

ကျောက်ချန်ကျွင်းက ကိုးလမြောက်လတွင် အမဲလိုက်ကွင်းတွင် ဒဏ်ရာရခဲ့သည်။ ကျောက်ချန်ကျွင်းရဲ့ စကားအရ ဒါက အပေါ်ယံ ဒဏ်ရာတစ်ခုပါပဲ။ ကောင်းသောကိစ္စဖြစ်သော်လည်း လျှိကျိသည် သတိလက်လွတ်ဖြစ်ရန် မဝံ့ရဲခဲ့ပေ။ သူဒဏ်ရာရပြီး ရက်ပေါင်းတစ်ရာမှာတော့ ကျောက်ချန်ကျွင်းက မိုးရေထဲမှာ အချိန်အတော်ကြာအောင် နေခဲ့သည်။ လျှိကျိ သတိလက်လွတ် ဂရုမစိုက်ပဲ မနေနိုင်ပါ။

ကျောက်ချန်ကျွင်းက သူ့အကြံဥာဏ်ကို မကြားသလို ပြန်လှည့်သွားသည်။ သူသည် သစ်သားခြံစည်းရိုးကို လက်တစ်ဖက်ဖြင့် မှီလိုက်ပြီး ခြောက်သွေ့သော အနောက်လေက ကျောက်ချန်ကျွင်း၏အင်္ကျီလက်စများကို ပုတ်ခတ်သံများ ထွက်ပေါ်လာသည်။ အနောက်လေကိုမျက်နှာမူလျက် ကျောက်ချန်ကျွင်းက လျှိကျိအား "နွေဦးလေညင်းက ရန်မင်တံခါးကို မရပ်တန့်စေနိုင်ဘူးတဲ့... အနောက်မြောက်ရဲ့ ဆောင်းရာသီက ကျင်းလင် ထက်ပိုမိုပြင်းထန်တယ်... ဒါပေမယ့် လေက လေ၊ နှင်းက နှင်းပါပဲ... ရွှံ့နဲ့ရေကိုတော့ မယူဆောင်လာနိုင်ပါဘူး"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Donde viven las historias. Descúbrelo ahora