အခန်း ၁၁၉ ပြည်သူ့နှလုံးသား
သူတို့ အိမ်တော်ကို ပြန်ရောက်တော့ ညနက်နေပြီ။ ကျောက်ချန်ကျွင်းက ထန်ရှီးရှီးနှင့်အတူ သူတို့၏ကလေးကို ဦးစွာသွားကြည့်ခဲ့သည်။ ကျောက်ဇီကောင်းငြိမ်းချမ်းစွာ အိပ်ပျော်နေတာကို သူမမြင်လိုက်ရလို့ ထန်ရှီးရှီးက နောက်ဆုံးတော့ စိတ်သက်သာရာရသွားသည်။ ထို့နောက် ကျောက်ချန်ကျွင်းက သူမကို ချော့မော့ပြီး နောက်ဆုံးတွင် ထန်ရှီးရှီးကို အိပ်စေခဲ့သည်။
ကျင်းလင်သည် ယနေ့ည မီးပုံးပွဲတော်အတွက် တစ်ညလုံး ဆင်နွှဲနေပါသည်။ ရောင်စုံမီးရှူးမီးပန်းများသည် ကောင်းကင်၌ လွင့်နေသေးသည်။ ကျောက်ချန်ကျွင်းက အိမ်ဝင်း၏ အရိပ်တွင် ရပ်ကာ အစောင့်၏ အစီရင်ခံစာကို ထုတ်ဖော်ပြောဆိုခြင်းမရှိဘဲ နားထောင်နေခဲ့သည်။
"ဧကရီမယ်တော်ကြီးယောင်ရဲ့ လုံခြုံရေးက တင်းကျပ်ထားပြီး ဒီနေ့ ဧကရီမယ်တော်ကြီးယောင်ကို တစ်ယောက်တည်း ဘယ်သူတွေ့လိုက်လဲလို့ စုံစမ်းလို့ မရသေးပါဘူး... သို့ပေမယ့် ဝမ်ရယ် နဲ့ ဝမ်ဖေး တို့ လမ်းပေါ်မှာ မီးပုံးတွေကိုကြည့် နေတဲ့ အချိန်က စီဖေးကျိုး ပျောက်ဆုံးသွားခဲ့တယ် "
ကျောက်ချန်ကျွင်း သည် မျက်ခုံးပင့်ကာ အနည်းငယ် "ပျောက်ဆုံးနေခဲ့တာလား"
"သူ(မ)က လူအုပ်ကြားထဲမှာ ပျောက်သွားတယ်လို့ ပြောကြတယ်... နောက်ပိုင်းမှာ ရှီဇီက သူ(မ)ကို ရှာဖွေဖို့ ပြန်သွားပြီး နောက်ဖေးလမ်းမှာ စီဖေးကျိုးကို တကယ်တွေ့ခဲ့တယ်... ဒါအပြင် စီဖေးကျို ဘယ်ကို သွားလည်း ဘယ်သူမှ မတွေ့လိုက်ဘူး"
ကျောက်ချန်ကျွင်းက ကျိုးရွှင်းဟွာက သံသယဖြစ်ဖွယ် ရှိသည်ဟု အလိုလိုခံစားမိလိုက်သည်။ သို့သော်လည်း အရာအားလုံးသည် သက်သေအထောက် အထားပေါ်တွင် အခြေခံသင့်ပြီး ယခု ကျိုးရွှင်းဟွာသည် လျှိုဝှက်သူဖြစ်ကြောင်း သက်သေမပြနိုင်ပေ။ မီးပုံးပွဲတော်မှာ လူတွေ အများကြီးနဲ့ အမျိုးသမီးတွေ လမ်းပျောက်တာ ပုံမှန်ပါပဲ။
ကျောက်ချန်ကျွင်းက ကျိုးရွှင်းဟွာ ဟုတ်မဟုတ် မသေချာပေမယ့် သူမကို အမြဲစောင့်ကြည့်ဖို့တော့ လိုနေသည်။ ကျောက်ချန်ကျွင်းက "သူ(မ)ကို စောင့်ကြည့်ဖို့ တစ်ယောက်ယောက်ကို လွှတ်လိုက်ပါ... သူ(မ)မှာ မူမမှန်တာရှိရင် ချက်ချင်းသတင်းပို့ပါ"

VOUS LISEZ
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Fiction HistoriqueMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...