Ch-23

4.1K 410 4
                                    

အခန်း ၂၃ မြင်းလန့်ခြင်း

ထန်ရှီးရှီးက ဒေါသတကြီးဖြင့် မြင်းဆီသို့ လျှောက်သွားသည်။ သူမက မြင်းလည်ဆံကို သပ်ပေးနေရင်း တစ်ဖက်ကို တိတ်တဆိတ် ပြန်ကြည့်နေမိသည်။

ကျောက်ဇီရှင်းက ကျိုးရွှင်းဟွာကို မြင်းစီးနည်းကို သင်ပေးနေပြီး ဇက်ကြိုးထိန်းနည်းကို သင်ပေးနေသည်။ နောက်ပိုင်းတွင် ကျိုးရွှင်းဟွာက တုန်လှုပ်ချောက်ချားစရာ မလိုတော့ပဲ ကျောက်ဇီရှင်းသည် သူမ၏ခါးကို တစ်ဝက်ဆွဲကိုင်ကာ ပွေ့ဖက်ထားလိုက်သည်။
အိုး...!

ထန်ရှီးရှီးက စိတ်ထဲကနေ ဒေါသတကြီး မြည်တမ်းလိုက်သည်။ ဒေါသဖြစ်နေရင်း မြင်းစီးခြေနင်းကွင်းကို နင်းပြီး မြင်းပေါ်တက်လိုက်သည်။ မြင်းပေါ်‌ရောက်ပြီးတာနဲ့ သူမရဲ့လှုပ်ရှားမှုတွေက သပ်သပ်ရပ်ရပ်နဲ့ ခြေထောက်တွေ ဖြောင့်ဖြောင့်တန်းတန်း အကွေးအကောက်မရှိပဲ သူမကိုယ်ဟန်အနေအထားက ပြီးပြည့်စုံတယ်လို့ တွေးနေတုန်းပါပဲ။

သူမ.. ထန်ရှီးရှီးသည် မြင်းမစီးနိုင်သော်လည်း ကောင်းသော ကိုယ်ဟန်အနေအထားရှိရမည်။ ထန်ရှီးရှီးက သူမ၏ လှပသော လှုပ်ရှားမှုများကို ရည်ရွယ်ချက်ရှိရှိ လုပ်ဆောင်ခဲ့သော်လည်း ကျောက်ဇီရှင်းသည် ကျိုးရွှင်းဟွာအား နှစ်သိမ့်ပေးနေဆဲဖြစ်ပြီး သူမက တည့်တည့်ထိုင်ရန် ကြောက်ရွံ့နေကာ လမ်းကြောင်းမှန်ကို လုံးဝမရောက်ဘဲ ဖြစ်နေသည်ကတော့ ဝမ်းနည်းစရာပင်ဖြစ်သည်။

ထန်ရှီးရှီး ဒေါသထွက်လွန်းလို့ မြင်းဇက်ကြိုးကို တင်းတင်းဆွဲထားသည်။ ယခု မြက်ခင်းပြင်ရှိလူတိုင်း လှုပ်ရှားသွားလာနေကြသည်။ သူမ ဒီမှာရပ်လိုက်ရင် ထူးဆန်းနေလိမ့်မည်။ ထန်ရှီးရှီးက ဇက်ကြိုးကို လွှတ်လိုက်ပြီး မြင်းကို ရှေ့သို့ ခြေလှမ်းနှေးနှေး လှမ်းခွင့်ပေးကာ ကျောက်ဇီရှင်းဘက်သို့ "မရည်ရွယ်သလိုပုံစံ"နဲ့ သွားရန် ကြိုးစားနေသည်။

ထန်ရှီးရှီးက အကွာအဝေးကို လျှို့ဝှက်စွာ တွက်ချက်နေသည်။ မထင်မှတ်ပဲ သူမ လမ်းတစ်ဝက်မှာ ရောက်တဲ့အခါ အနောက်ကနေ မြင်းခွာသံများ ထွက်ပေါ်လာသည်။ ညစ်ပတ်သောမျက်နှာနှင့် မရှင်းပြနိုင်လောက်အောင် ကြီးမားသောအဝတ်အစားများ ဝတ်ထားသောလူငယ်တစ်ဦးက ထန်ရှီးရှီး အနားသို့ရောက်လာပြီး သူမကို အပေါ်မှအောက်ခြေအထိ မရိုးမသားကြည့်ကာ "မင်းက လူတိုင်းပြောနေကြတဲ့ အလှလေးလား.. ငါကတော့ အဲ့လိုမထင်ပါဘူး "

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now