အခန်း ၁၀၁ ဇနီးကိုပေးတဲ့ဒုက္ခ
မိုးသံက တဖြေးဖြေး ပေါ့ပါးလာပြီး သင်းပျံ့တဲ့ ရနံ့တွေ ဝေ့ဝဲလာပေမယ့် အတွင်းခန်းထဲမှာတော့ အပ်တစ်ချောင်း ပြုတ်ကျမှာကိုတောင် ကြောက်ရလောက်အောင် တိတ်ဆိတ်နေသည်။ ခဏအကြာတွင် ကျောက်ချန်ကျွင်းက "တော်ဝင်သမားတော်... ရှီဇီဖေး ဘယ်လိုနေလဲ "
တော်ဝင်သမားတော်က သူ့လက်ကိုရုတ်သိမ်းရင်း သက်ပြင်းချကာ ခေါင်းခါလိုက်ပြီး " ဝမ်ရယ်... ကလေးက တစ်လကျော်လောက်ရှိပြီ... ဒါပေမယ့် ထူးဆန်းတဲ့အအေးဓာတ်က ရှီဇီဖေးရဲ့ ခန္ဓာကိုယ်ထဲကို ဝင်သွားတယ်... ကလေးကို မထိန်းနိုင်တော့မှာ ကြောက်တယ်"
ကျန်းမော့မော့က ထိုစကားကိုကြားသောအခါ ဝမ်းနည်းပူဆွေးစွာဖြင့် ပါးစပ်ကိုပိတ်ကာ "တော်ဝင်သမားတော်... အမှန်တကယ်ပဲ အခြားနည်းလမ်း မရှိတော့ဘူးလား... ရှီဇီဖေးက ကလေးအတွက် နေရာတိုင်းမှာ ကြိုးစားနေခဲ့ပြီး ကိုယ်ဝန်ရဖို့ အလွန်ခါးသီးစွာ ခံစားခဲ့ရပါတယ်... အခု သူ(မ)မှာ ကိုယ်ဝန်ရှိနေပြီ... ဒီကလေးကို ထိန်းလို့ မရတော့ဘူးလား"
"ထိန်းသိမ်းထားလို့ မရဘူး " တော်ဝင်သမားတော်က သူ့ရဲ့မုတ်ဆိတ်မွေးတွေကို ပွတ်သပ်ပြီး ခေါင်းကို ဖြည်းညှင်းစွာ ခါလိုက်ပြီး "ရှီဇီဖေး အအေးမိနေတာ အံ့သြစရာတော့ မရှိတော့ဘူး... ကလေးကိုယ်ဝန်ဆောင်ခြင်းအတွက် ဆေးတွေကို မသောက်သင့်ပါဘူး... အထူးသဖြင့် ပြင်ပရိုးရာဆေးနည်းတွေပါ... ထိုဆေး အများစုက လူလိမ်သမားတော်တွေဆီကပါ... ရှီဇီဖေးက ထိုဆေးတွေကို သောက်ခဲ့တာကြောင့် အအေးဓာတ်ဝင်သွားတာပါ... အဲဒီ့အပြင် ဒီနေ့ တနေ့တနေ့လုံး မိုးရေထဲမှာ ဒူးထောက်ထိုင်နေခဲ့ပြီး အအေးဓာတ်က သူ(မ)ခန္ဓာကိုယ်ထဲကို ပိုစိမ့်ဝင်သွားစေတဲ့အပြင် လှေကားထစ်တွေပေါ်မှာ လဲကျခဲ့တော့ ဒီကလေးကို လုံးဝ ထိန်းထားနိုင်မှာ မဟုတ်ပါဘူး... အပ်စိုက်ကုထုံးကို အသုံးပြုပြီး ကလေးကို တည်ငြိမ်အောင် ဆွဲထားခဲ့ရင်တောင် ဒီကလေးက မတည်ငြိမ်ဆဲဖြစ်ပြီး နောက်လေး၊ ငါးလ အကြာမှာ လုံးဝ ထိန်းထားနိုင်တော့မှာ မဟုတ်ပါဘူး... ကလေးက မိခင်ရဲ့ခန္ဓာကိုယ်မှာ ဆက်လက်ရှိနေရင် သန္ဓေသားအဆိပ်ကိုပဲ ပေါက်ဖွားစေမှာပါ... ထိုဝေဒနာကို သက်သာစေဖို့ ဆေးဝါးတွေကို သောက်သုံးရမယ်... အကျိုးဆက်အနေနဲ့ ရှီဇီဖေးကို ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုပိုဖြစ်စေပြီး ရှီဇီဖေးမှာ နောက်တစ်ကြိမ် ကိုယ်ဝန် မရနိုင်တော့ဘူး"
VOCÊ ESTÁ LENDO
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Ficção HistóricaMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...