အခန်း ၁၃၄ ဆန့်ကျင်ဘက်
အဋ္ဌမလတွင် နေသည် ပူလောင်လှသည်။ သခင်မရှုသည် မြို့တော်တံတိုင်းအောက်တွင် ပုန်းလျှိုးကွယ်လျှိုးသွားနေပြီး မလှမ်းမကမ်းတွင် ကြီးမားပြီး ခမ်းနားထည်ဝါသော အနီရောင်တံတိုင်းနှင့် ကြီးကျယ်ခမ်းနားသော တော်ဝင်အစောင့်များကို ကြည့်လိုက်သည်။ သူမသည် တအံ့တသြနှင့် မနာလိုဖြစ်ကာ အနီးသို့ မသွားရဲပေ။
သူ့သားက အခုအဲဒီလိုနေရာမျိုးမှာ နေထိုင်သည်။ သခင်မရှုသည် မာနကြီးပြီး စိတ်မသက်မသာ ခံစားလိုက်ရသည်။
သားဖြစ်သူကို တခြားသူတွေက ခေါ်ဆောင်သွားတဲ့အခါ သားဖြစ်သူက ဆိုးဆိုးရွားရွားဖြစ်ရင် ဝမ်းနည်းပူဆွေးပြီး သားဖြစ်သူဘဝကောင်းနေတော့လဲ အဆင်မပြေဖြစ်ရတာပါပဲ။ အဘယ့်ကြောင့်ဆိုသော် ဤဘုန်းအသရေများကို သူ့ဖခင်အရင်းမှမဟုတ်ဘဲ အခြားဖခင်မှ ယူဆောင်လာခြင်းဖြစ်သည်။
သခင်မရှုသည် အစိုးရမှ ဖမ်းဆီးခေါ်ဆောင်သွားသော မောင်ငယ်အတွက် နန်းတော်တံခါးဝသို့ သွားရန် မာန်တင်းကာ တော်ဝင်အစောင့်များကို မေးရန် တွေးတောခဲ့သည်။ ကျောက်ဇီရှင်းက သူမကို နောက်ဆုံးအကြိမ်လာရှာတဲ့အခါ သူက တံဆိပ်တစ်ခုယူလာပြီး အရေးပေါ်အခြေအနေရှိမရှိပြောပြီး ဒီတံဆိပ်ကို တော်ဝင်နန်းတော် အရှေ့ဘက်တံခါးဆီမှာ ပြလို့ရတယ်ပြောခဲ့သည်။ အစောင့်တွေက မြင်လိုက်တာနဲ့ တစ်စုံတစ်ယောက်ကို တွေ့ဖို့ သဘာဝအတိုင်း စီစဉ်ပေးမယ်ပြောခဲ့သည်။
သခင်မရှုသည် အကြောင်းရင်းကို မသိသော်လည်း ချန်ထိုက်သည် တစ်ညလုံး ပိတ်လှောင်ခံထားရသည်။ သခင်မရှုက တစ်ညလုံး စိတ်ပူနေခဲ့သည်။ နောက်ဆုံးတွင် သူမသည် မိုးလင်းသည် အထိ စောင့်ခဲ့ပြီး ကျောက်ဇီရှင်းကိုတွေ့ရန် သူမ၏တံဆိပ်ဖြင့် အမြန်လာခဲ့သည်။
သခင်မရှုသည် ကြောက်ရွံ့တုန်လှုပ်စွာဖြင့် အရှေ့တံခါးဆီသို့ ချဉ်းကပ်လာသည်။ အရှေ့တံခါးက အဝင်အထွက်တွေကို စစ်ဆေးနေပြီး ဘယ်သူမှ သူ့ကို ဂရုမစိုက်ဘူး။ သခင်မရှုသည် ရှေ့သို့ အပြေးအလွှားသွားတော့မည် ဖြစ်သော်လည်း မိန်းမစိုးတစ်ယောက်က သခင်မရှု ရှေ့မှာ ရုတ်တရက်ရပ်လိုက်ပြီး "မေးချင်တာက သခင်မ ရှုလား???"
![](https://img.wattpad.com/cover/329217179-288-k79546.jpg)
YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...