Ch-41

4K 443 7
                                    

အခန်း ၄၁ အကတင်ဆက်ခြင်း

ကျောက်ချန်ကျွင်း ထွက်သွားပြီးနောက်၊ အကသမားများက သူမကို ဝိုင်းလာပြီး "ထန်မိန်းခလေး အဲ့ဒါက ကျင့်ဝမ်လား"

ထန်ရှီးရှီးက နှေး‌နှေးကွေးကွေးဖြင့် ခေါင်းညိတ်ပြလိုက်ပြီး "ဒါက သူပဲ . "

အကသမားများသည် တအံ့တသြဖြင့် ပါးစပ်ကို လက်နဲ့အုပ်ကာ "အဲ့တာက တကယ်ပဲ ဝမ်ရယ်လား... ကျွန်မတို့ အသက်ကြီးလာပေမယ့် စစ်မှန်တဲ့ တော်ဝင်မိသားစုကို မမြင်ဖူးသေးဘူး" ဟု အော်နေကြသည်။

"ပါးစပ် ပိတ်ထားကြ" အကသမားခေါင်းဆောင်က အော်လိုက်သည် " မင်းသားက ကျောက်စိမ်းလို မြင့်မြတ်တယ်... အရှင့်ကို ဘယ်လို ပေါ့ပေါ့တန်တန် ပြောနိုင်မှာလဲ"

စကားပြောအပြီးတွင် အကသမားခေါင်းဆောင်က ထန်ရှီးရှီးကို သတိကြီးကြီးဖြင့် ကြည့်ကာ "ထန်မိန်းခလေး... ဝမ်ရယ်ပြောတဲ့ အကက အမှန်ဟုတ်ရဲ့လား ...?"

"ဟုတ်တယ်" ထန်ရှီးရှီးက သူမမျက်လုံးတွေကို မှိတ်ထားချင်ပေမယ့် တခြားသူတွေ သိသွားမှာကို သူမကြောက်သည်။ သူမသည် စိတ်ထဲတွင် ကျင့်ဝမ်ကို တိတ်တဆိတ် ကျိန်ဆဲနေပြီး အပြင်ပန်းမှာတော့ ရိုသေစွာဖြင့် "ကျင့်ဝမ်က ဘယ်တုန်းကမှ မနောက်ပြောင်ခဲ့ဖူးဘူး... သူဘာပဲပြောပြော ဖြစ်အောင်လုပ်ပေးရမယ် "

"အာ ..." အကသမားများထံမှ ကွဲပြားသော အသံများ ထွက်ပေါ်လာပြီး အချို့က စိုးရိမ်ကာ တချို့က အံ့သြသွားကြသည်။ စိတ်အားထက်သန်သော အကသမားအချို့ကို ကြည့်ရင်း ထန်ရှီးရှီးက ရုတ်တရက် မေးလိုက်သည် "မင်းရဲ့ အကကို လေ့ကျင့်နေတာ ဘယ်လောက်ကြာပြီလဲ"

"တစ်လ "

ထန်ရှီးရှီးက စိတ်ပျက်လက်ပျက်အကြည့်နဲ့ ထပ်မေးလိုက်သည် "မင်းတို့ အတူတူ ကတာ ဘယ်လောက်ကြာပြီလဲ... မင်းတို့ကြားထဲက တိတ်တဆိတ် နားလည်မှုကရော ဘယ်လိုရှိလဲ"

ဦးဆောင်အကသမားက "ထန်မိန်းခလေး... နောက်ဆုံးစလေ့ကျင့်တဲ့ အငယ်တန်းအကသမားအခြေအနေအရ ငါတို့ အတူတူ အကတွေ လေ့ကျင့်နေတာ နှစ်နှစ်ရှိပြီ "

"နှစ်နှစ် ..." ထန်ရှီးရှီး၏ မျက်လုံးများသည် မည်းမှောင်လာသည်။ သူတို့နှစ်ယောက် အတူတူ ကတာ နှစ်နှစ်လောက်ရှိပြီ ဒီအကကို လေ့ကျင့်ဖို့ တစ်လလောက် အချိန်ယူရတုန်းပါပဲ။ ထို့ကြောင့် တစ်နာရီ၏လေးပုံတစ်ပုံအတွင်း ဤအကကို ထန်ရှီးရှီးသင်ယူခြင်းမှာ ဖြစ်နိုင်ခြေမှာ နည်းပါးပါသည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now