အခန်း ၁၃၁ ကံကောင်းရန်
ကျောက်ချန်ကျွင်းက ဘာကို တွေးနေလဲ။
ကျောက်ဇီရှင်းလည်း သိချင်နေသည်။
ကျောက်ချန်ကျွင်း နန်းတက်တဲ့နေ့မှာ ကျောက်ဇီရှင်းက မြို့တော်မှာရှိတဲ့ လူတိုင်းနှင့်အတူ သတင်းရခဲ့သည်။ မိန်းမစိုး၏သတင်းကိုကြားသောအခါ သံသယစိတ်မှ သက်သာရာရခဲ့သော်လည်း မကြာမီပင် စိတ်ဓာတ်ကျလာသည်။
ဒီလိုအရေးကြီးတဲ့ကိစ္စအတွက် ကျောက်ချန်ကျွင်းက သူ့ကို အပြင်လူတစ်ယောက်လို စောင့်ရှောက်ထားခဲ့ပြီး ကျောက်ဇီရှင်းက အရိပ်အမြွက်တောင် မရရှိခဲ့ပါဘူး။ အစီအစဥ်ကစလို့ ပြင်ဆင်မှုကနေ၊ အကောင်အထည်ဖော်မှုအထိ သူသိရတာ ဘာမှမရှိဘူး။
ကျင့်ဝမ်စံအိမ်တော်တွင် ရှီဇီတစ်ယောက်ရှိနေသေးကြောင်း မည်သူမျှ မှတ်မိပုံ မပေါ်ပေ။ ကျောက်ချန်ကျွင်းမှာ အရွယ်ရောက်ပြီးသား သားအရင်းတစ်ယောက်ရှိမယ်ဆိုရင် သူ့သားကို ဒီအရေးအခင်းမှာ ပါဝင်ခွင့်မပြုဘူးလို့ ကျောက်ဇီရှင်းက မယုံခဲ့ဘူး။
ကျောက်ချန်ကျွင်းက သူ့ကို စောင့်ရှောက်ပေးခဲ့သည်။ ဘယ်လောက်ပဲ အသံကောင်းဟစ်နေပါစေ ကျောက်ဇီရှင်းက ကျောက်ချန်ကျွင်းအတွက် ဘယ်လောက်ပဲ သစ္စာစောင့်သိခဲ့ပါစေ ကျောက်ချန်ကျွင်းက သူ့ကို မယုံသေးဘူး။
ကျောက်ဇီရှင်း နန်းတော်သို့ပြန်လာခဲ့သည်။ နန်းတော်တံခါးဝမှ မိန်းမစိုးက သူ့ကိုမြင်သောအခါ လျင်မြန်စွာပြေးလာပြီး "သခင်.. ဘုရင်မင်းမြတ်က သခင် ပြန်လာပြီးရင် ချင်ချင်းနန်းတော်ဆီ လာဖို့ သတင်းပို့လိုက်တယ်"
ကျောက်ဇီရှင်းက ခေါင်းညိတ်ပြီး "သိပါပြီ"
ကျောက်ချန်ကျွင်းက လွန်ခဲ့သောသုံးလကျော်က ထီးနန်းတက်ခဲ့ပြီး ထန်ရှီးရှီးကို ဧကရီအဖြစ် အပ်နှင်းခဲ့သော်လည်း ကျောက်ဇီရှင်းက မင်းသားလား ရှီဇီလား ရှင်းရှင်းလင်းလင်း မသိရသေးပေ။
ကျောက်ချန်ကျွင်း ထီးနန်းဆက်ခံပြီး နောက်တစ်နေ့တွင် ကျောက်ဇီရှင်းသည် ထန်ရှီးရှီးနှင့်အတူ အင်ပါယာနန်းတော်သို့ ပြောင်းရွှေ့ခဲ့သည်။ ထန်ရှီးရှီးက ကျုံးဆွေ့ နန်းတော်သို့သွားခဲ့သည်။ တစ်လကြာနေထိုင်ပြီးနောက် ကွန်နင်းနန်းတော်သို့ ပြောင်းရွှေ့နေထိုင်ခဲ့သည်။ ကျောက်ဇီရှင်းသည် သွမ့်ကျင်းနန်းတော်တွင် နေထိုင်ရပြီး ထိုနေရာသည် မင်းသားနှင့် ထိုက်ဇီတို့ နေထိုင်ရာနေရာဖြစ်သည်။ ကျောက်ဇီရှင်းသည် သူ၏ ထိုက်ဇီခန့်အပ်မိန့်ကို မကြာမီ ရောက်ရှိလာမည်ဟု ထင်ခဲ့သည်။ မထင်မှတ်ပဲ၊ သူသည် သုံးလကြာစောင့်ဆိုင်းခဲ့ပြီး ကျောက်ချန်ကျွင်း၏ ထိုက်ဇီအမိန့်ကို မတွေ့ခဲ့ရပေ။

YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...