အခန်း ၇၁ ပြန်ရောက်ပြီ
ကျောက်ဇီရှင်း၏ မေးခွန်းထုတ်သည့်လေသံမှာ ထင်ရှားလွန်းနေသည်။ လုယိဖေးက သူ ထိုကဲ့သို့မေးလိုက်သောအခါ တုန်လှုပ်သွားပြီး "ရှီဇီ...ရှင်က ကျွန်မကို အပြစ်တင်နေတာလား... ထန်ရှီးရှီးနဲ့ ဝမ်ရယ်တို့ရဲ့ ဆက်ဆံရေးကို ရှင်းရှင်းလင်းလင်း မသိရသေးဘူး... အဲ့တော့ ကျွန်မတို့ မျိုးဆက်သစ်တွေ အနေနဲ့ကတော့ သူတို့ရဲ့ ကိစ္စတွေမှာ ဝင်စွက်ဖက်ဖို့ ခက်နေတယ်လေ... ကျွန်မက ရှီဇီ နဲ့ ဝမ်ရယ်ကြားမှာ အကွဲအပြဲတွေ မဖြစ်စေချင်တဲ့အတွက် ရှီသခင်မကို အရှက်မရှိ ဖိတ်ခေါ်မိပါတယ်... ရှီသခင်မရှေ့ရောက်ရင် ဝမ်ရယ်ပြန်လာတဲ့အခါ စိတ်မချမ်းသာရင်တောင် ရှီဇီကို စိတ်ဆိုးမှာမဟုတ်ပါဘူး... ကျွန်မက ရှီဇီအတွက် ဒါတွေ အကုန်လုပ်မိတာ!"
လုယိဖေးသည် ဤကာလအတွင်း သူမ၏ဆင်းရဲဒုက္ခကို တွေးရင်း မျက်ရည်ကျနေမိသည်။ ကျောက်ဇီရှင်းက သူမေးခွန်းတစ်ခုမေးလိုက်သောအခါ လုယိဖေးအမှန်တကယ် ငိုလိမ့်မည်ဟု မမျှော်လင့်ထားပေ။ ကျောက်ဇီရှင်းသည် သူ့စိတ်ထဲတွင် ပို၍ပင် ရွံရှာလာသည်။ သူက စိတ်မရှည်တော့ဘဲ "မင်းပြောတာကို ငါကောင်းကောင်းသိတယ်... ဒါပေမယ့် ကိုယ့်အိမ်အတွက် တခြားသူတွေက ဆုံးဖြတ်ချက်ချတာကို ငါ မကြိုက်ဘူး... ပြီးတော့ ရှီမိသားစုနဲ့ ဆက်ဆံရေးကို လျော့ဖို့ အရင်က မင်းကို ငါပြောထားပြီးသား... အခု မင်းက ရှီသခင်မကို ထပ်ခေါ်ပြန်ပြီ... ရှီမိသားစုက ဘယ်လောက် နားလည်မှုလွဲသွားနိုင်မှာလဲ။ ဒါ့ထက် ထန်ရှီးရှီးက ဘာပဲဖြစ်ဖြစ်... ဒါက အိမ်တော်ရဲ့ အတွင်းရေးပဲ... မင်းက ဒီတစ်ခါ ရှီသခင်မကို ခေါ်တယ်... နောက်တစ်ခါလဲ အိမ်တော်မှာ တစ်ခုခုဖြစ်ရင် ရှီသခင်မကို အကြောင်းကြားရမှာလား... ရေရှည်မှာ မင်းသားရဲ့ အိမ်တော်ရဲ့ ဂုဏ်က ဘယ်ရောက်သွားမလဲ"
လုယိဖေးသည် သူမ၏ မျက်ရည်များကို သုတ်ရန် ခေါင်းငုံ့လိုက်သည်။ သူမသည် ယခု စိတ်ထိခိုက်နေပြီး သူမသည် ကြီးစွာသော အမှားကို လုပ်ခဲ့သည်ဟု ခံစားမိသည်။ ယခု ကျောက်ဇီရှင်း၏ ပြစ်တင်ရှုတ်ချမှုကို ကြားပြီးနောက် ကျောက်ဇီရှင်းသည် မှန်ကန်ကြောင်း သူမ အံ့သြစွာ တွေးမိသွားခဲ့သည်။ ဤတစ်ကြိမ်တွင် သူမသည် အရာခပ်သိမ်းကို လွယ်ကူစေရန်အတွက် ရှီသခင်မကို ခေါ်ခဲ့သည်။ နောင်တွင်၊ ရှီသခင်မသည် မင်းသား၏အိမ်တော်အား လက်ညိုးထိုးပြရန် နောက်ထပ်အကြောင်းပြချက်များ ထပ်ရှိလာမည် မဟုတ်ပေလား။ လုယိဖေးသည် သူမ ဤကဲ့သို့လုပ်ဆောင်ခြင်းဖြင့် သူမသည် ရှီမိသားစုအား အိမ်တော်၏ အားနည်းချက်များကို ပြသနေခြင်းဖြစ်ကြောင်း ယခုမှပင် သတိပြုမိသည်။ ရှီယွမ်ချူသည် ဤအိမ်ကြီးထဲသို့ပင် မဝင်သေးပေ။ ရှီယွမ်ချူ ဝမ်ဖေး ဖြစ်လာပြီးနောက် ဘာဖြစ်သွားမလဲ။

BẠN ĐANG ĐỌC
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Tiểu thuyết Lịch sửMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...