Ch-28

3K 351 5
                                    

အခန်း ၂၈ လူသတ်သမား

ထန်ရှီးရှီးက တိုက်ပွဲ ပြင်းထန်မှုကို အခွင့်ကောင်းယူပြီး သူမ၏ခါးကို ကိုင်းကာ ခေါင်းငုံ့ပြီး တစ်ဖက်သို့ တိတ်တဆိတ် ထွက်လာခဲ့သည်။

ခုချိန်က မှောင်နေပြီးတော့ တောအုပ်ထဲမှာ သစ်ရိပ်တွေ ရိမ်းထိုးနေကာ လေကလည်း တိုက်နေသည်။ ထန်ရှီးရှီးသည် သစ်တောကို အခွင့်ကောင်းယူကာ အမြန်ထွက်ခွာလာခဲ့သည်။ သူမ ထွက်သွားပြီးချိန်တွင် တိုက်ပွဲက ပိုပြင်းထန်လာပုံရသည်။ ထန်ရှီးရှီးက ကျောက်ဇီရှင်းအတွက် စိတ်ထဲကနေ တိတ်တဆိတ် ဆုတောင်းပေးနေသည်။ " ရှီဇီ... ကျွန်မ ထွက်ပြေးတာ မဟုတ်ပါဘူး... ဒါပေမယ့် ကျွန်မက ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ဖြေရှင်းရတာကို ပိုကြိုက်တယ်... ရှီဇီ.. ခဏစောင့်ပါ... ကျွန်မ ရှီဇီကို ကယ်ဖို့ တစ်ယောက်ယောက်ကို ခေါ်ပြီးပြန်လာပါ့မယ် "

တိုက်ပွဲနေရာမှ ထွက်ခွာပြီးနောက် ထန်ရှီးရှီးသည် မလွှဲမရှောင်သာ အမြန်ပြေးခဲ့သည်။ ထိုအချိန်တွင် ဓားတစ်ချောင်းက ကျောက်ဇီရှင်း၏နောက်ကျောကို ထိုးရန် ပြေးဝင်လာသော်လည်း ကျောက်ဇီရှင်းက သတိမထားမိလိုက်ပေ။ ကျိုးရွှင်းဟွာက အံကြိတ်ကာ ကျောက်ဇီရှင်းရှေ့မှာ ရပ်လိုက်သည် ။

ဓားဖျားက ကျိုးရွှင်းဟွာရဲ့ ဝမ်းဗိုက်ကို ထိုးဖောက်သွားပြီး ကျိုးရွှင်းဟွာ ရုတ်တရက် ညည်းတွားလိုက်မိသည်။ ကျောက်ဇီရှင်းလှည့်ကြည့်လိုက်တော့ ကျိုးရွှင်းဟွာက နာကျင်စွာ ညည်းတွားနေတာကို တွေ့လိုက်ရသည်။ ကျောက်ဇီရှင်းက လူသတ်သမားအား မဆိုင်းမတွ ကန်ထုတ်လိုက်ပြီး ကျိုးရွှင်းဟွာကို သူ့လက်နဲ့ဆွဲပွေ့လိုက်ကာ "ရွှင်းဟွာ..... မင်း အဆင်ပြေရဲ့လား"

ကျိုးရွှင်းဟွာက နာကျင်မှုကြောင့် စကားပင် မပြောနိုင်တော့ပေ။ သူမ၏ ဒဏ်ရာကို လက်ချောင်းများဖြင့် ဖုံးအုပ်လိုက်ပြီး ချက်ချင်းပင် သူမ၏ လက်များသည် သွေးများဖြင့် စိုရွှဲနေခဲ့သည်။ သူမ ခွန်အားတွေ ကုန်ဆုံးသွားပြီး " ရှီဇီ.... မြန်မြန်ပြေးပါတော့ "

ကျောက်ဇီရှင်းက သူမအား ပွေ့ဖက်ထားရင်း လှည့်ပတ်ကြည့်လိုက်ကာ တစ်နေရာရာသို့ လျင်မြန်စွာ ပြေးသွားခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူခေါင်းဆောင်သည် လက်ဝှေ့ယမ်းကာ တိုင်းတပါးဘာသာစကားဖြင့် အမိန့်ပေးလိုက်သည်။ "လိုက်ဖမ်း!"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now