အခန်း ၂၄ မီးပုံပွဲ
နျူရန်တိုးက စိတ်ဆွပေးခံလိုက်ရပြီး ချက်ချင်းဒေါသထွက်သွားသည်။ သူမက မျက်လုံးပြူးပြီး "ကောင်းပြီ မင်းက ဘာကို ပြိုင်ချင်တာလဲ" လို့ ပြင်းပြင်းထန်ထန် မေးလိုက်သည်။
" ဘာပဲဖြစ်ဖြစ်ပါ " ထန်ရှီးရှီးက " မင်းသမီးလေး ဆုံးဖြတ်တဲ့ ဘာမဆို ကျွန်မက ကောင်းကောင်း ယှဉ်ပြိုင်မှာပါ"
"မောက်မာလိုက်တာ!" နျူရန်တိုးယာက ဒေါသတကြီးနဲ့ "မင်း ငါ့ကို ယှဥ်ချင်နေတာလား။"
ထန်ရှီးရှီးက သူမလက်တွေကို ဖြန့်ပြီး "ကျွန်မက အမှန်အတိုင်းပြောတာပါ "
နျူရန်တိုးယာသည် ငယ်စဉ်ကတည်းက အလိုလိုက်ခံပျက်စီးနေခဲ့ပြီး မည်သည့် စော်ကားမှုကိုမှ မခံနိုင်ပါ။ ဤကဲ့ရဲ့ရှုတ်ချမှုကို သူမ မည်သို့ခံနိုင်ရည်ရှိမည်နည်း။ သူမက ချက်ချင်း အသံကျယ်ကျယ်နဲ့ " ကုကျင် ယူလာခဲ့"
(ကုကျင်၊ ပီပါ- ရိုးရာတူရိယာများ)
ပေ့ကျင်းရဲ့ ကုကျင်သည် ပင်မမြေပြန့်၏ကုကျင် နှင့် ကွဲပြားသည် ။ သူတို့၏ ကုကျင်သည် ဖြောင့်စင်းသောလည်ပင်းနှင့် ပီပါကဲ့သို့ ပုံသဏ္ဍာန်ရှိပြီး အနည်းငယ်ပိုပါးကာ ပယင်းသစ်သားအဖြစ် အက္ခရာတင်ထားသည်။ နျူရန်တိုးယာသည် ကုကျင်ကို ရရှိပြီးနောက် ထန်ရှီးရှီးအား စိတ်ကောက်သောအကြည့်ဖြင့် ကြည့်နေပြီး ထိုင်ခုံ ပေါ်တွင်ထိုင်ကာ ကုကျင်ကိုကာ ကျွမ်းကျင်စွာတီးမှုတ်သီဆိုခဲ့သည်။
ကုကျင်သည် ပီပါနှင့်တူသော်လည်း သစ်သားသည် ခိုင်ခံ့သော မြက်ခင်းပြင်ပုံစံဖြင့် ပိုမိုသန်စွမ်းသည်။ နျူရန်တိုးယာသည် မည်သည့်ပြင်ဆင်မှုမှမပါဘဲ တီးခတ်နိုင်ပြီး၊ သူ့၏စွမ်းရည်သည် အမှန်တကယ်ကောင်းမွန်ကြောင်း ပြသနိုင်သည်။
သီချင်းရဲ့အဆုံးမှာတော့ နျူရန်တိုးယာက ထန်ရှီးရှီးကို စိတ်လှုပ်ရှားစွာ ကြည့်နေခဲ့သည်။ ထန်ရှီးရှီးက ပြုံးပြီး သူမဘေးက ပေ့ကျင်းအစေခံဆီ လှည့်ပြီး "မင်းတို့ ဂီတတူရိယာတချို့ ယူလာတယ်ထင်တယ်... ကျေးဇူးပြုပြီး ကျွန်မကို ပီပါတခုရဖို့ ကူညီပေးပါနိုင်မလား "

أنت تقرأ
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
أدب تاريخيMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...