Ch-27

3.8K 394 15
                                    

အခန်း ၂၇ တောထဲ၌ရေချိုးခြင်း

ဒုတိယနေ့တွင် အမျိုးသားများက အမဲလိုက်ထွက်ကြပြန်သည်။ နျူရန်တိုးယာသည် သွားစရာနေရာမရှိသောကြောင့် မြေခွေးလေးကိုကြည့်ရန် ထန်ရှီးရှီးဆီသို့ ရောက်လာခဲ့သည်။

နျူရန်တိုးယာက မြေခွေး၏အမွေးကို မထိနိုင်သောကြောင့် အဝေးမှ မျက်လုံးများဖြင့်သာ ကြည့်နေခဲ့သည်။ ထန်ရှီးရှီးသည် တချို့အရာများသည် ထူးဆန်းသော ဦးတည်ရာသို့ တဖြည်းဖြည်း ပြောင်းလဲလာသည်ကို တွေ့ရှိခဲ့သည်။ အပြင်ဘက် မြက်ခင်းပြင်သည် ချိန်းတွေ့ရန် အလွန်သင့်လျော်သည်။ အမြောက်စာ အမျိုးသမီး ဇာတ်ပို့ဇာတ်ကောင် နျူရန်တိုးယာက ထန်ရှီးရှီးကို နေ့စဥ် နှောက်ယှက်နေသဖြင့် သူတို့နှစ်ဦးစလုံးသည် အမျိုးသားဇာတ်ဆောင် အတွက် အချိန်မပေးနိုင်ကြတော့ပေ။ ကျောက်ဇီရှင်းနှင့် ကျိုးရွှင်းဟွာတို့ နီးကပ်လာသည်ကိုသာ ထန်ရှီးရှီးက စောင့်ကြည့်နေခဲ့ရပြီး သူတို့ အပြန်အလှန် နားလည်မှု ကြီးကြီးမားမားရရန် နီးစပ်နေကြချိန်မှာ ထန်ရှီးရှီးကတော့ ဤပြိုင်ဖက်(နျူရန်တိုးယာ)နှင့် ချစ်ကြည်ရင်းနှီးမှု သိသိသာသာ တိုးလာနေသည်။

တွေးကြည့်ရင် အရာအားလုံးက ရူးချင်စရာပဲ။ ကျောက်ချန်ကျွင်းက အနောက်ကနေ ကြည့်နေတာကြောင့် ထန်ရှီးရှီးက နျူရန်တိုးယာကို မမောင်းထုတ်ဝံ့ဘဲ စိတ်ပျက်အားငယ်စွာနဲ့ ဇာတ်လမ်း အရှိန်အဟုန်နဲ့ တိုးတက်အောင် လုပ်ဆောင်နေတာကိုပဲ သူမကိုယ်တိုင်ပဲ ကြည့်နိုင်ခဲ့ပြီး သူမရဲ့ ဦးတည်ချက်က ပိုပိုပြီး ထူးဆန်းလာသည်။

မျက်စိတစ်မှိတ်အတွင်း ဆယ်ရက်ကုန်သွားသဖြင့် ဤဒေသရှိ သားကောင်အားလုံးကို ကုန်တော့မည်ဖြစ်သည်။ ကျောက်ချန်ကျွင်းက ဤစခန်းမှထွက်ခွာပြီး အမဲလိုက်ကွင်းထဲသို့ ပိုမိုနက်ရှိုင်းစွာရွှေ့ရန် အမိန့်ပေးခဲ့သည်။

ထန်ရှီးရှီးနှင့် အခြားအမျိုးသမီးများကလည်း သူတို့နှင့်အတူ ထွက်ခွာလာကြသည်။ ကံကောင်းထောက်မစွာ ထန်ရှီးရှီးသည် မြင်းစီးနည်းကို သင်ယူခဲ့ပြီး ယခု သူမသည် ရထားပေါ်ရှိ ကျိုးရွှင်းဟွာကို မျက်နှာမူမည့်အစား မြင်းပေါ်မှ လေနုအေးကို ခံစားနိုင်ပြီဖြစ်သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now