အခန်း ၁၂၂ လက်စားချေခြင်း
ကျိုးရွှင်းဟွာနှင့် ကျောက်ဇီရှင်းနှစ်ယောက်စလုံး ထိတ်လန့်တကြားကြည့်နေကြသည်။ ကျောက်ဇီရှင်းက "အဖေ... လုပ်လို့မရဘူး"
ကျောက်ချန်ကျွင်း၏ စိတ်ရှည်သည်းခံမှုမှာ ကန့်သတ်ချက် ပြည့်သွားခဲ့ပြီး၊ သူက သူတို့ကို အေးစက်စွာ ကြည့်ကာ "ဘာဖြစ်လို့လဲ"
ကျောက်ဇီရှင်းက သူ့သွားတွေကို တင်းတင်းကြိတ်ပြီး အရာအားလုံးမှ အန္တရာယ်ကို မတွေးနိုင်တော့ပဲ အမှန်အတိုင်းပြောလိုက်သည်။ "အဖေ... ရွှင်းဟွာက ကိုယ်ဝန်မဆောင်ခင်မှာ မှားယွင်းပြီး သတင်းပို့ခဲ့ပေမယ့် မြို့တော်ကို ခရီးထွက်ရင်း ကလေးတစ်ယောက် တကယ် ကိုယ်ဝန်ရှိနေခဲ့ပါတယ်... အခုဆို နှစ်လရှိပြီ... ဒါကို ရွှင်းဟွာ သိတယ်... သူ(မ)က ခွင့်မလွှတ်နိုင်တဲ့ အမှားများစွာကို ပြုလုပ်ခဲ့ဖူးပေမယ့် ခု သူ(မ)မှာ ကိုယ်ဝန်ရှိနေပါပြီ... အဖေက သူ့ရင်သွေးအတွက် အချိန်ပိုပေးလိမ့်မယ်လို့ ကျွန်တော် မျှော်လင့်ပါတယ်... အနည်းဆုံးတော့ ကြိမ်ဒဏ်ပေးတာမျိုး မလုပ်ခင် ကလေးမွေးပြီးတဲ့အထိ စောင့်ပါ "
ကျောက်ဇီရှင်းသည် ပြစ်ဒဏ်လွတ်ငြိမ်းခွင့်ကို မတောင်းဝံ့သောကြောင့် ပြစ်ဒဏ်ရွှေ့ဆိုင်းရန် အစွမ်းကုန်ကြိုးစားခဲ့သည်။ ကိုယ်ဝန်ရှိစဉ်အတွင်း သူမ အရိုက်မခံရနိုင်သလို မွေးပြီး မီးနေစဥ်မှာလည်း အရိုက်မခံရနိုင်ပါဘူး။ ထိုနောက်တွင်လည်း သူမသည် ကလေးကို ပြုစုစောင့်ရှောက်ခဲ့ရမည်ဖြစ်ပြီး အရိုက်မခံရနိုင်ပေ။ ဤကဲ့သို့ ဆက်တိုက် နောက်သို့ဆွဲယူပြီးနောက်၊ ဤ စည်းကမ်းထိန်းအဖွဲ့သည် အတိအကျဘာမျှ မသတ်မှတ်နိုင်တော့ဘဲ ဖြစ်သွားလိုက်မည်။
ကျောက်ချန်ကျွင်း ဒေါသထွက်သွားသည်။ ကျောက်ဇီရှင်းသည် အတင်းအကြပ် အသနားခံဝံ့ခြင်းမရှိသောကြောင့် လူများကို ကယ်တင်ရန် သွယ်ဝိုက်သောနည်းဖြင့်သာ ရှာဖွေနိုင်ခဲ့သည်။ သို့သော် ကျောက်ချန်ကျွင်းက သူတို့၏ ရိုးသားမှုနှင့် လေးနက်မှု အားလုံးကို လုံးဝမယုံကြည်တော့ပေ။ သူက တောင်းပန်နေသော ကျောက်ဇီရှင်းကိုကြည့်ကာ ရယ်စရာအဖြစ် မြင်ခဲ့သည်။ "ဒီအဆင့်ကို ရောက်တဲ့အခါမှာတောင် မင်းတို့နှစ်ယောက်လုံးက လိမ်ညာပြီး သစ္စာမရှိပဲ လူတွေကို လှည့်စားချင်နေကြတုန်းပဲ... ဒါက မင်းသားစံအိမ်ရဲ့ ရှီဇီ နဲ့ ရှီဇီရဲ့ စီဖေးလား... ငါ မင်းကို အခွင့်အရေးပေးခဲ့ပြီးပြီ... ဒီတစ်ကြိမ် ငါ ထပ်တူအမှားကို ထပ်မလုပ်တော့ဘူး "

YOU ARE READING
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Historical FictionMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...