အခန်း ၅၈ စိတ်ဓာတ်ကျနေတယ်
ထန်ရှီးရှီးက ကြောင်တက်တက်ဖြင့် ထိုင်နေပြီး သူမအဝတ်များက စိုစွတ်နေသော ဆံပင်များ နှင့် ထိမိနေပြီး မကြာမီ သူမ၏ ပခုံးနှင့် နောက်ကျောကို စိုစွတ်သွားစေသည်။ ဒါပေမယ့် ထန်ရှီးရှီးက အဲဒါကို သတိမထားမိဘူး။
ထန်ရှီးရှီးက ဇာတ်ကြောင်းကို သိရှိပြီးကတည်းက သူမ၏သေဆုံးခြင်းအဆုံးသတ်ကို လက်ခံရန် ဆန္ဒမရှိခဲ့ပေ။ သူမက ဇာတ်ကွက်ကိုပြောင်းပြီး အမျိုးသမီးဇာတ်ဆောင်၏ အသားပေးဖော်ပြမှုကို လုယူရန် အပြင်းအထန် ကြိုးစားခဲ့သည်။ သို့သော် တကယ်တော့ သူမ ဘာကိုမှ မဖမ်းဆုပ်မိဘဲ၊ သူမ တယောက်ထဲသာ အဝေးသို့ တွန်းပို့ခံလိုက်ရသည်။ အခုလည်း သူမရဲ့ မူရင်းဇာတ်ကွက်ကိုတောင် လွဲချော်စေခဲ့သည်။
ထန်ရှီးရှီးက အလွန်တုန်လှုပ်သွားပြီး သူမ၏ လက်ချောင်းများ တုန်ခါလာသည်။ ထန်ရှီးရှီးက သူမကိုယ်သူမ အဆက်မပြတ် နှစ်သိမ့်နေခဲ့သည်။ ဤသည်မှာ ပထမဆုံး အလွန်သေးငယ်သော လမ်းချော်မှုဖြစ်ပြီး အလုံးစုံအခြေအနေအပေါ် သက်ရောက်မှုရှိမည်မဟုတ်ပေ။ မကြာခင် ဇာတ်သိမ်းတော့မယ်။
ဒါပေမယ့် ထန်ရှီးရှီးရဲ့ နှလုံးသားထဲမှာ နောက်ထပ်အသံတစ်ခုရှိနေသည်။ သူမနားထဲတွင် အကြောင်းပြချက်မရှိဘဲ အသံက ပဲ့တင်ထပ်သွားသည်။
မဟုတ်ဘူးနော်။
ဤစာအုပ်ကို "ရွှင်းဟွာ၏အတ္ထုပ္ပတ္တိ"ဟု အမည်ပေးထားပြီး အမှန်တကယ် အရေးကြီးသည်မှာ ကျိုးရွှင်းဟွာ၏ဇာတ်လမ်းဖြစ်သည်။ ကျိုးရွှင်းဟွာနဲ့ ကျောက်ဇီရှင်းတို့ရဲ့ ခံစားချက်တွေက လုယိဖေးရဲ့ ပံ့ပိုးပေးမှု့ကြောင့် ခုချိန်မှာ မှေးမှိန်နေပေမယ့် အဆုံးမှာတော့ အလုံးစုံ ဦးတည်ရာကို ထိခိုက်မှာ မဟုတ်ပါဘူး။
ကျိုးရွှင်းဟွာ မရှိတော့သော်လည်း ကျောက်ဇီရှင်းသည် လုယိဖေးကို ဂရုမစိုက်ဘဲ ဆက်ဆံခဲ့သေးသည်။ ထို့ကြောင့် လုယိဖေးသည် သူ့အတွက် မျက်နှာသာပေးရန်အတွက် ပြိုင်ဆိုင်ရန် တစ်စုံတစ်ဦးကို အရေးပေါ် လိုအပ်နေပြီဖြစ်သည်။ ထန်ရှီးရှီးက လှပလွန်း သောကြောင့် လုယိဖေးသည် ထန်ရှီးရှီးကို ရွေးချယ်ခဲ့သည်။ အိမ်နောက်ဖေးမှာ ဒီလောက်အလှကို ဘယ်သူမှ မငြင်းနိုင်ဘူး။ ကျောက်ဇီရှင်းသည် ထန်ရှီးရှီးကို မျက်နှာသာပေးသရွေ့ လုယိဖေး၏စေတနာကို လက်ခံရရှိခဲ့သည်။ အချိန်အတော်ကြာပြီးနောက်၊ ကျောက်ဇီရှင်းသည် လုယိဖေးကို လျစ်လျူမရှုနိုင်တော့ပေ။

STAI LEGGENDO
ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်
Narrativa StoricaMyanmar Translation of " It's Better to be the Empress Dowager" 135 Chapters + 8 extras Crd September Flowing Fire 九月流火 T/Notes:::FMLက strong မဖြစ်ပါဘူး အကျင့်ကလဲVL သာသာ...