Ch-63

3.2K 329 4
                                    

အခန်း ၆၃ လုပ်ကြံခြင်း

တုကျင်းက လှည့်ပတ်ကြည့်ရုံဖြင့် ထန်ရှီးရှီးပျောက်ဆုံးနေသည်ကို တွေ့လိုက်ရသည်။ တုကျင်းက ထူးဆန်းနေသည်ဟု ခံစားရပြီး သူမကို ရှာရန် အလျင်အမြန်ပြေးလာခဲ့သည်။ "သခင်မလေး"

တုကျင်းက ထန်ရှီးရှီးကို အချိန်အတော်ကြာအောင် ရှာဖွေခဲ့သော်လည်း သူမကို ရှာမတွေ့ခဲ့ပေ။ သူမ စိတ်ထဲမှာ အော်ဟစ်နေပြီး တစ်စုံတစ်ယောက်ကို ခေါ်ဖို့ လုပ်နေသည်။ သူမ လှည့်ကြည့်လိုက်တော့ ထန်ရှီးရှီးက သစ်ပင်တွေနောက်ကွယ်က လမ်းမှာ ငြိမ်သက်စွာ ရပ်နေတာကို တွေ့လိုက်ရသည်။ သူမက တခုခုကိုတွေးနေပုံရပြီး ဘာကို တွေးနေမှန်းတော့ မသိနိုင်ပေ။

တုကျင်း သက်ပြင်းရှည်ကြီးတစ်ခုကို ချလိုက်မိသည်။ သူမ(ထန်ရှီးရှီး) အနားကို ပြေးလာသည်နှင့်အမျှ သူမ ညည်းညူနေသည်။ "သခင်မလေး.. သခင်မလေး ဒီမှာရပ်နေတဲ့အချိန်မှာ သခင်မလေး ဘာလို့ ဘာမှပြန်မပြောတာလဲ... ကျွန်မက သခင်မလေးကို ရှာမတွေ့မှာ ကြောက်နေတာ "

တုကျင်း စကားပြောနေချိန်တွင် ထန်ရှီးရှီး၏ မျက်နှာကို သူမ မျှော်လင့်ဘဲတွေ့လိုက်ရပြီး သူမ၏ခြေလှမ်းများသည် ရုတ်တရက်နှေးကွေးသွားကာ "သခင်မလေး?"

ထန်ရှီးရှီးက သူမ၏အမူအရာကို ရှင်းရှင်းလင်းလင်း မမြင်နိုင်အောင် မျက်လုံးများကို ငုံ့ထားသော်လည်း အကြောင်းတစ်ခုခုကြောင့် လူများကို စိတ်မသက်မသာဖြစ်စေသည်။ တုကျင်းက ထိတ်လန့်သွားပြီး "သခင်မလေး... သခင်မလေးက ဘာဖြစ်နေတာလဲ... တောထဲကို တစ်ယောက်ယောက် ပြေးသွားတာလား"

ထန်ရှီးရှီးက ခေါင်းမော့ကာ ပြုံးလိုက်ပြီး "ဘာမှမဟုတ်ပါဘူး... တစ်ခုခုကို တွေးနေရင်းနဲ့ လန့်သွားတာ...ငါ လမ်းလျှောက်ရတာ ပင်ပန်းနေပြီ... ပြန်ကြရအောင်လေ "

ထန်ရှီးရှီး ပြုံးနေသော်လည်း သူမ၏မျက်နှာမှာ အလွန်ဖြူဖျော့နေပြီး သူမ၏မျက်လုံးများတွင် အပြုံး မရှိပေ။ တုကျင်းတစ်ခုခု မမှန်ဘူးလို့ ခံစားမိပေမယ့် ထန်ရှီးရှီးပင်ပန်းနေပြီဆိုတာကို သူမကြားတဲ့အခါ တုကျင်းက သူမရဲ့ သံသယတွေကို ချက်ချင်းဖယ်လိုက်ပြီး "ဒါက ကျွန်မရဲ့ ပေါ့ဆမှုပါပဲ... သခင်မလေး အခုပြန်ကြရအောင်"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now