Ch.4

5.8K 585 1
                                    

အခန်း ၄ ကျင့်ဝမ်အိမ်တော်

ထန်ရှီးရှီး ခဏတာ မင်သက်သွားသည်။ သူက အမျိုးသားဇာတ်ဆောင်ဟု သူမ ထင်ခဲ့သော်လည်း နောက်ဆုံးတွင် သူက အမျိုးသားဇာတ်ဆောင်၏ဖခင်ဖြစ်ခဲ့သည်။ တစ်နည်းဆိုရသော် သူမက အမျိုးသားဇာတ်ဆောင်၏ ပုန်းအောင်းနေသည့်နေရာကို လူတိုင်းရှေ့တွင် ထုတ်ဖော်ပြသခဲ့သည်။ အမျိုးသားဇာတ်ဆောင်က သူ့အဖေကိုမြင်တဲ့အခါ ကြောင်ကကျားကိုမြင်သလို ကြောက်လန့်ပြီး သနားစရာ ကောင်းလောက်အောင် ထွက်ပြေးသွားတာကို လူတိုင်းသိသွားကြပြီ။

အိုဘုရားသခင်!

ထန်ရှီးရှီးက မယုံကြည်နိုင်မှု့ထဲ နစ်မြုပ်သွားတယ်။ အမျိုးသားဇာတ်ဆောင်ရဲ့အဖေက ဘာလို့ ငယ်ရွယ်ချောမောရတာလဲ။

အမျိုးသားဇာတ်ဆောင်၏ဖခင်က အမျိုးသားဇာတ်ဆောင်ထက် အဘယ်ကြောင့် ပို၍ကြောက်စရာကောင်းနေရတာလဲ။ ထို့အပြင်၊ "ထိတ်လန့်စရာကောင်းသောညတွင် ရှီဇီနှင့် နူးညံ့သိမ်မွေ့သော မိန်းမပျိုတို့ကြား ပထမဆုံးတွေ့ဆုံမှုကြောင့် ဖြည်းညှင်းစွာ ချစ်မိသွားကြောင်း စာအုပ်တွင်ရှင်းလင်းစွာဖော်ပြထားသည်။"

ထန်ရှီးရှီး ပြန်စဥ်းစားကြည့်တော့ သူမ၏ ပထမဆုံး သိလိုက်တာက ရှီဇီက လူအများရှေ့က ထွက်ပြေးတိမ်းရှောင်နေတာကို အမျိုးသမီး ဇာတ်ဆောင်က ကူညီပေးခဲ့ပြီး ရှီဇီ၏ ကြည်ညိုလေးစားမှု ကို နှိုးထစေခဲ့သည်။

ထန်ရှီးရှီးအံ့သြသွားပြီး ခုနက သူမသည် ကျိုးရွှင်းဟွာ၏မိုက်မဲမှုကို ရယ်မောနေခဲ့သည်။ ကျိုးရွှင်းဟွာက အခန်းထဲမှာ အမည်မသိလုပ်ကြံသတ်ဖြတ်သူ ပုန်းအောင်းနေတာတောင် အကူအညီရှာဖွေရန် အလျင်စလိုမလုပ်ဆောင်ဘဲ လုပ်ကြံသူအတွက်ပင် ဖုံးကွယ်ထားခဲ့သည်။ လုပ်ကြံသတ်ဖြတ်သူက ထွက်ပြေးတိမ်းရှောင်နေသူဖြစ်ပြီး ကူညီပေးသူက ဉာဏ်မမီတဲ့သူဟု သူမတွေးခဲ့သည်။

ဒါက ကျိုးရွှင်းဟွာက ဇာတ်လိုက်ဖြစ်ရတဲ့ အကြောင်းအရင်းဖြစ်ပြီး သူမကို ဇာတ်ပို့ဖြစ်စေခဲ့တာလား။ ထန်ရှီးရှီးက ထုံထိုင်းစွာ တွေးနေပြီး သူမက ရှီဇီကို လူတိုင်းရှေ့မှာ သတင်းပို့လိုက်မိပြီး ရှက်ရွံ့စွာ ထွက်ပြေးသွားစေခဲ့သည်။ နောင်တွင်၊ ထန်ရှီးရှီးသည် ရှီဇီထံမှ မျက်နှာသာရရန် အခွင့်အရေးရှိနိုင်ပါတော့မလား။ သူမ ထိုအကြောင်းကို မတွေးဝံ့ဘဲ မှောင်ရိပ်ထဲတွင် ရပ်ကာ အကြာကြီး တိတ်ဆိတ်နေခဲ့သည်။

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now