Ch-31

4K 442 20
                                    

အခန်း ၃၁ ကယ်တင်ခံရခြင်း

ထန်ရှီးရှီးက အေးစက်တဲ့ လက်ချောင်းများဖြင့် ဓားကို တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်ထားခဲ့သည်။ ကြောက်နေသည်လား အေးနေလားပင် သူမ ကိုယ်တိုင်တောင်မသိတော့ပဲ၊ တစ်ကိုယ်လုံး တဆတ်ဆတ် တုန်နေသည်။ တကယ်တော့ သူမက ဓားကို ဘယ်လိုသုံးရမှန်းမသိသလို ဓားကို ခွန်အားနဲ့ မမြှောက်နိုင်ဘူးလေ။ အကယ်၍ သူတို့သည် အမှန်တကယ် တာတာလူမျိုးများဖြစ်ခဲ့ပါက၊ ထန်ရှီးရှီးလုပ်ရမည့် တစ်ခုတည်းသော အရာမှာ သူတို့ကို သူမကိုယ်တိုင် တားဆီးရန်ဖြစ်သည်။

မကြာခင်မှာပဲ နေရာကို ဝိုင်းထားခံခဲ့ရသည်။ ခေါင်းဆောင်က အတွင်းပိုင်းအခြေအနေကို ရှင်းရှင်းလင်းလင်းမြင်လိုက်ပြီး သူအရမ်းပျော်သွားပြီး " တွေ့ပြီဟေ့...ဝမ်ရယ်က.... ဒီမှာ!"

လူအုပ်ကြီးက ဝိုင်းအုံလာချိန်တွင် ထန်ရှီးရှီးက သူမ၏ဓားကို မကြောက်မရွံ့ဘဲ ဆွဲထုတ်ကာ လူအုပ်စုကို ကြည့်ရင်း "ရှင်တို့က ဘယ်သူတွေလဲ"

ခေါင်းဆောင်က ကျောက်ချန်ကျွင်းကို ကယ်တင်ဖို့ စိတ်ပိုင်းဖြတ်ထားပြီး သူ့ဘေးက ထန်ရှီးရှီးကို ဂရုမစိုက်ဘူး။ ထန်ရှီးရှီးက ရုတ်တရက် သူမ၏ ဓားကို ဆွဲထုတ်လိုက်ရာ သူ့ကို ထိလုနီးပါး ဖြစ်ခဲ့ရသည်။ သူက အန္တရာယ်ကို ရှောင်ရှားရန် အလျင်အမြန် နောက်ပြန်ဆုတ်သွားခဲ့သည်။ ခနငြိမ်သက်သွားပြီးနောက် သူက ထန်ရှီးရှီးကိုကြည့်ကာ "မင်း ဘာလုပ်နေတာလဲ... အိုး... မင်းက တကယ်ပဲ နန်းတော်ကလူပေါ့လေ... အခု နောက်ဆုံးတော့... မင်းရဲ့ မြေခွေးမြှီးကို ထုတ်ဖော်ပြသလိုက်ပြီပေါ့"

ထန်ရှီးရှီးသည် တစ်ညလုံး အားတင်းနေခဲ့ပြီး ယခုအခါ သူမ၏ စိတ်ဓာတ်သည် အမြင့်ဆုံးသို့ ရောက်ရှိနေပြီဖြစ်သည်။ သူတို့သည် မည်သူမည်ဝါဖြစ်ပါစေ သူမ ဂရုမစိုက်နိုင်တော့ပေ။ သူမ အစွမ်းကုန်အော်လိုက်သည် "ထွက်သွား!"

သူတို့ပတ်ဝန်းကျင်မှာ ရှုပ်ထွေးမှုများရှိနေခဲ့သည်။ ကျင့်ဝမ်ကို ကယ်တင်ဖို့ သူတို့ ရှေ့ကို တက်ချင်ပေမယ့် ထန်ရှီးရှီးက သူတို့ကို ဓားနဲ့ လှမ်းရွယ်ထားသည်။ ထန်ရှီးရှီး လက်ချော်ပြီး ကျင့်ဝမ်ကို မတော်တဆ ထိမိမည်ကို စိုးရိမ်သောကြောင့် သူတို့ ချက်ခြင်း မဆင်မခြင်မလုပ်ရဲပဲ ရပ်တန့်သွားခဲ့ရသည်။ ပိတ်မိနေတဲ့ အလယ်မှာ လူတစ်ယောက် အနောက်ကနေ တက်လာပြီး "ဘာကိစ္စရှိလို့လဲ"

ဧကရီမယ်တော်ဖြစ်ရတာက ပိုကောင်းတယ်Where stories live. Discover now